ရန်ကုန်  မြို့တွင်း နေ့စဉ် ရထားဖြင့် ခရီးသွားလာ နေကြသော ခရီးသည် အများ စုမှာ ယနေ့  အချိန်ထိ စည်းကမ်း လိုက်နာမှု အပိုင်းတွင် အားနည်း နေသည်ကို တွေ့ရသည်။  မြန်မာ့ မီးရထားမှ ရန်ကုန် ဘူတာကြီး အပါအဝင် မြို့နယ် အလိုက် ဘူတာ များတွင်  သတိပေး ဆိုင်းဘုတ်များ၊ ပညာပေး ဆိုင်းဘုတ် များကို မပြတ် စီစဉ် ဆောင်ရွက်  ထားသော် လည်း ခရီးသည်များ အနေဖြင့် လေ့လာမှု အပိုင်းမှာ အားနည်း နေပြီး  မလိုလား အပ်သော ဆုံးရှုံး နစ်နာမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လျက် ရှိသည်။  ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလ မှ အောက်တို ဘာလ အထိ စည်းကမ်း မလိုက် နာခြင်း၊ သတိ  မမူခြင်း၊ ပေါ့လျော့ ခြင်း တို့ကြောင့် ဖြစ်ပွား ခဲ့သော ထိခိုက် ဒဏ်ရာ  ရမှုနှင့် သေဆုံး မှုများမှာ ဘူတာ နှစ်ခုကြား ဒဏ်ရာရသူ ခုနစ်ဦး၊ ဘူတာတွင်း  ဒဏ်ရာ ရသူ ရှစ်ဦး၊ ရထား မရပ်မီ အတက် အဆင်း ပြုလုပ် ခြင်းကြောင့် ဒဏ်ရာ ရသူ  ၁၃ ဦး စုစုပေါင်း ဒဏ်ရာရသူ ၂၈ ဦးနှင့် ဘူတာ နှစ်ခုကြား သေဆုံးသူ သုံးဦး၊  ဘူတာတွင်း သေဆုံးသူ ခုနစ်ဦး၊ ရထား မရပ်မီ အတက် အဆင်း ပြုလုပ်ခြင်းကြောင့်  သေဆုံးသူ နှစ်ဦး စုစုပေါင်း သေဆုံးသူ ၁၂ ဦးထိ ရှိခဲ့ကြောင်း ဌာနမှ  ထုတ်ပြန်ချက် အရ သိရသည်။
Friday, 25 June 2010
ရထားစီး ခရီးသည် အများစု စည်းကမ်း လိုက်နာမှု အားနည်း

Labels:
ဟံသာဝတီသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment