
စစ်အစိုးရမှ တည်ဆောက်ပေးတဲ့ လုံဂါဇွပ် ရွာသစ်။ ယခုချိန် ထိုရွာတွင် မြစ်ဆုံရေကာတာစီမံကိန်းအထဲရှိ အနည်းဆုံး ရွာ ၄ ရွာကို အဓ္ဓမပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။ ဓါတ်ပုံ - ကချင်သတင်းဌာန
အေးရှားဝေါလ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်ပေးနေသည့် ၎င်းတန်ဖိုးနည်း ဆောက်လုပ်ရေးအိမ်တန်းတွင် ဆေးပေးခန်းမရှိ၊ ဆေးဆရာမရှိ ဖြစ်နေ၍ ရွာသားများ အခက်အခဲကြုံတွေ့နေရသည်။
ဤသို့စိုးရိမ်နေရသည့် ရွာအိမ်သစ်သို့ တန်ဖရဲရွာမှ ဆေးဆရာမများ တစ်ပတ်ကို တစ်ယောက်အလေ့ကျ သွားကြည့်ပေးနေသည်။
ဆေးဆရာမ သာမက ကလေးကျောင်းစာသင်ရန် အတွက်လည်း တန်ဖရဲရွာမှ ဆရာ/ဆရာမများ သွားရောက် သင်ကြားပေးနေရသည်။ “အစိုးရမှ ဆရာနှစ်ယောက်ထည့်ပေးမယ်ပြောတယ်၊ ဒါမဲ့ အခုထိ မရောက်လာသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ယောက် ပြောသည်။
ကျောက်ခဲပြည့်နက်နေသည့် အနီရောင်မြေကြီးပေါ်တည်ဆောက်ထားသော ၉ပေပတ်လည်ဧည့်ခန်းကျဉ်းမှာ နေထိုင်နေရသည့် သူတို့ဘဝသည် အကျဉ်းတန်လှကြောင်း ဒေသခံရွာသားများ ငြီးသွားနေကြသည်။
“ဘယ်လိုမှ မတတ်နိုင်တော့ ခံစားနေရတယ်” ဟုပြောင်းရွှေ့ခံရသည့် ဒေသခံရွာသားများပြောနေသည်။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့သည့် ၎င်းဒေသခံများသည် ယခုတွင် ဘာပင်မှ စိုက်ပျိုး၍ မရဖြစ်နေသည်။
လုံဂါဇွပ်တွင် ဆောက်လုပ်ရေးအိမ်တန်း တည်ဆောက်ပေးနေသည့် အေးရှားဝေါလ်ကုမ္ပဏီမှ အိမ်များကို တစ်ပုံစံတည်းတည်ဆောက်ထားသောကြောင့် “ အိမ်တွေလည်း ဆင်တူဆင်တူပြန်ဖြစ်နေ၊ ဘယ်သူ့အိမ်က ဘယ်လူ့အိမ်မှန်းမသိ၊ တစ်ချို့ဆို အိမ်မှားပြီးဝင်ကြတယ်” ဟု ခုတလော ယင်းအိမ်သစ်သွားရောက်ခဲ့သည် ဒေသခံလူကြီးတစ်ဦး ပြောသည်။
ဤကဲ့သို့ဖြစ် မြစ်ဆုံရေကာတာတည်ဆောက်ရေးကြောင့် ပြီးခဲ့သည့် မေ ၂၈ရက်နေ့ ပထမဦးဆုံးပြောင်းရွှေ့လိုက်ရသည့် မဇွပ်ဒေသခံရွာသားများသည် အခက်အခဲအမျိုးမျိုး ရင်ဆိုင် နေရ သည်။
No comments:
Post a Comment