Pages

Subscribe

Saturday 12 June 2010

၂၀၁၀ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်းကို မြန်မာပရိတ်သတ် စွဲလမ်း

၂၀၁၀ ကမ္ဘာ့ဖလားဘော်လုံးပွဲတွင် ပါဝင်ခြေစွမ်းပြမည့် အသင်းများအနက် မြန်မာပရိတ်သတ် စိတ်ဝင်စားသည့် အသင်းမှာ အင်္ဂလန်ဘော်လုံးအသင်းဖြစ်ကြောင်း ပြည်တွင်းရှိ မြန်မာဘော်လုံးဝါသနာရှင်များက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အင်္ဂလန်ပရီးမီးယားလိဒ် ဘော်လုံးပွဲများက မြန်မာပရိတ်သတ်အပေါ် လွမ်းမိုးမှုကြောင့် အင်္ဂလန်အသင်းအပေါ် စွဲလမ်းခြင်း ဖြစ်ကြောင်း အထက်မြန်မာပြည် မြို့ကြီးတစ်မြို့မှ ၀ါရင့်ဘော်လုံးသမားတစ်ဦးက ပြောသည်။

“အင်္ဂလန် ပရီးမီးယားလိဒ်ပွဲတွေက မြန်မာပရိတ်သတ်ကို တော်တော်လွမ်းမိုးထားတယ်လို့ ပြောလို့ရတယ် ပရီးမီးယား လိဒ်နဲ့အတူ အင်္ဂလန်အသင်းကို စွဲလမ်းကြတာပေါ့ဗျာ အင်္ဂလန်နဲ့ တခြားအသင်းဆိုရင် အင်္ဂလန်ကို အားပေးကြတာပဲ မြန် မာ ပရိတ်သတ်က တခြားအသင်းတွေ ထက်စာရင် အင်္ဂလန်အသင်းကို ပိုစိတ်ဝင်စား အားပေးကြတာတွေ့ရတယ် အာရှ ပရိတ်သတ် ခပ်များများက အင်္ဂလန်ကို အားပေးကြတာပါ ” ဟု သူက ဆိုသည်။

မြန်မာပြည်တွင်း၌ အင်္ဂလန်ကလပ်အသင်းများမပါသည့် ချန်ပီယံလိဒ်ဘော်လုံးပွဲစဉ်များတွင် ပွဲကြည့်ပရိတ်သတ် အားပေးမှု နည်းပါးသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

“သာဓကတစ်ခုအနေနဲ့ ပြောမယ်ဆိုရင် ဒီနှစ်ချန်ပီယံလိဒ်ဗိုလ်လုပွဲစဉ်မှာ ဂျာမဏီက ဘိုင်ယံမြူးနစ်နဲ့ အီတလီက အင် တာမီလန်ပွဲ ဆိုရင် ဗိုလ်လုပွဲသာဆိုတယ် ရုံတွေမှာ လူတောင်မရှိဘူးဗျာ တကယ်လို့ အင်္ဂလန်အသင်းတစ်ခုခုကသာ တက် မယ်ဆိုရင် ရုံက ၀က်ဝက်ကွဲပဲ ” ဟု သူက ဆိုသည်။

အင်္ဂလန်အသင်း

ဘော်လုံးပရိတ်သတ်အပေါ် မူတည်၍ အကြိုက်မျိုးမျိုးရှိနိုင်ပြီး အခြားကြိုက်နှစ်သက်သည့် အသင်းများမှာ ဘရာဇီးနှင့် နယ်သာလန်တို့ဖြစ်ကြောင်း ဂျာမဏီ အသင်းမှာလည်း ရှားရှားပါးပါး အကြိုက်တွေ့သည့် အသင်းတစ်သင်းဖြစ်ကြောင်း နောက်ထပ် ၀ါသနာရှင်တစ်ဦးက ဆိုသည်။

“မြန်မာပရိတ်သတ်ကတော့ အင်္ဂလန်အသင်းကို အားပေးတာများမယ် ကျနှော်ကတော့ ဂျာမဏီအသင်းကို အားပေးတယ် ဗျာ ဂျာမဏီအသင်းကို အားပေးကြတာတော့ ရှားရှားပါးပါးပဲလို့ ပြောလို့ရတယ် ဘရာဇီးကတော့ ခြေစွမ်းလည်းပြနိုင်တယ် ဖလားအကြိမ်ကြိမ်ရဖူးတဲ့အသင်းဆိုတော့ ကြိုက်ကြပါတယ် ” ဟု အဆိုပါ ၀ါသနာရှင်က ဆိုသည်။

မြန်မာပရိတ်သတ်အနေဖြင့် ဘော်လုံးလောကတွင် အစဉ်အလာကြီးမားသည့် တိုင်အောင် မြန်မာဘော်လုံးအားကစားမှာ ကျဆင်းလျှက်ရှိကြောင်း သိရသည် ။

“လူငယ်တွေထဲမှာ ဘော်လုံးအားကစားတကယ် ၀ါသနာပါတဲ့သူက နည်းသွားပြီ အလွန်ဆုံးရှိ ၂၀ ရာခိုင်နူန်းပဲ အရင်တုန်း ကဆို ရပ်ကွက်တွေမှာ လူငယ်ဘောအသင်းတွေ ထွက်နိုင်တယ် အခုမထွက်နိုင်တော့ဘူး စီးပွားရေးအခြေအနေကြောင့် လူငယ်ခပ်များများက ပြည်ပထွက်ကုန်တယ် ကျန်တဲ့သူတွေက စားဝတ်နေရေးမှာရုန်းကန်နေရတယ်” ဟု သူကဆိုသည်။

မြန်မာပြည်တွင် ဘော်လုံးအားကစားနှင့် လောင်းကစားရောထွေးနေပြီး ငွေကြေးလောင်းကစားပါဝင်မှုကြောင့် ဘော်လုံး ပွဲသည် အစွဲအလမ်းတစ်ခု ဖြစ်စေကြောင်းသိရသည်။

“ရိုးရိုးဝါသနာပါလို့ အားပေးတာနဲ့ ငွေကြေးလောင်းကစားကြောင့် အားပေးတာနှစ်မျိုးရှိတာပေါ့ ငွေကြေးပါလာပြီဆိုတော့ ၀ါသနာထက်ကို စွဲလမ်းမှုပိုဖြစ်သွားတာပေါ့ ” ဟု သူက ဆက်ပြောသည်။

No comments:

Post a Comment