အဓိပတိ  (ပါရမီ) ကား များ၏ ယာဉ်စီးခ လက်မှတ် ဖြတ်ပိုင်း နောက်တွင် ယခုအပတ် မှစ၍  ကြော်ငြာများ ထည့်သွင်းနိုင် ကြောင်း ဖိတ်ခေါ် ကြော်ငြာလာသည်။ အရင်ကဆို  အဓိပတိ (ပါရမီ) တွေ စီးရင် ယာဉ်စီးခ လက်မှတ်တွေ ပေးလေ့ မရှိဘူး။ အခုမှ ပြန်  ပေးတော့ နဲနဲ ထူးဆန်း နေတယ်။ ပြီးတော့မှ နောက်မှာ ဤ နေရာတွင် ကြော်ငြာ  နိုင်သည် ဆိုပြီး ရေးထားတာ တွေ့ ရတယ် ဟု အဓိပတိ ကို နေ့တိုင်း စီးနင်းသူ  တစ်ဦးမှ ပြောပြသည်။ ယခုဆို ကုမ္ပဏီ ပိုင်ရှင် များသည် ၄င်းတို့၏  ကုန်ပစ္စည်းများ ကို လမ်းဘေးရှိ ဆိုင်များ ကွမ်းယာ ဆိုင်များ၊ အင်တာနက်  ဆိုင်များ တွင် ဈေးသက်သက် သာသာ နှင့် ကြော်ငြာ လာကြပြီး  ၄င်းတို့ ပစ္စည်း  များကိုလည်း လူပိုသိ လာသည့် အတွက် ကုန်ကျ စရိတ်  သက်သာသည့် ကြော်ငြာ  များကို ပိုစိတ်ဝင်စားလာ ကြသည်။ အဆိုပါ ဖြတ်ပိုင်း နောက်မှ ကြော်ငြာများကို   အမရာ မီဒီယာမှ စီစဉ် ဆောင်ရွက် နေပြီး ယခုချိန်တွင် ကြော်ငြာများ ကို  စတင် လက်ခံနေပြီ ဖြစ်ပြီး ဩဂုတ်လ တတိယ အပတ်လောက် မှ စတင်ပြီး ယင်း  ဖြတ်ပိုင်း များ၏ နောက်တွင် ကြော်ငြာ များ စတင် ထည့်သွင်း ကြော်ငြာမည်  ဖြစ်ကြောင်း သိရသည်။
Thursday, 15 July 2010
ယာဉ်စီးခ လက်မှတ် ဖြတ်ပိုင်း နောက်တွင် ကြော်ငြာရန် ဖိတ်ခေါ်

Labels:
ဟံသာဝတီသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment