Pages

Subscribe

Saturday 3 July 2010

မျိုးကျော့မြိုင် ဇနီးဖြစ်သူ နှင့် လမ်းခွဲ

ပျားရည်ဆမ်း ခရီးထွက်ခဲ့စဉ် က မျိုးကျော့မြိုင် နှင့် ဒေါက်တာ သွင်ပပအောင် (Photo - Faces Magazine)

ဧပြီ လ ၂၉ ရက်နေ့ က လက်ထပ် ထိမ်းမြားခဲ့သည့် မျိုးကျော့မြိုင် နှင့် ဒေါက်တာ သွင်ပပအောင် တို့ ဇနီးမောင်
နှံသည် စိတ်သဘော ထားချင်း မတိုက်ဆိုင်တော့ သဖြင့် ဇွန်လ ၂၄ ရက်နေ့ တွင် နှစ်ဦး သဘောတူ လင်မယား
အဖြစ်မှ လမ်းခွဲ ပြီးဖြစ်သည် ဟု သတင်းရရှိသည်။

၎င်းတို့ နှစ်ဦး သည် ဇွန်လ ၂၄ ရက်နေ့ က ရန်ကုန်တိုင်း တရားရုံး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းနွယ်၏
၏ ရှေ့မှောက် တွင် အကြင်လင်မယား အဖြစ်မှ လမ်းခွဲခဲ့ခြင်းဖြစ်သည် ဟု သိရသည်။၎င်းတို့ 
နှစ်ဦး သည် မုခ မဂဇင်းမှ အင်တာ ဗျူး ဆရာ ဇောရိုး နှင့် တွေ့ ဆုံရာတွင် စံပြ အိမ်ထောင်ရေး
ဖြစ်ချင်ပြီး ရင်သွေးများ လည်း မွေးဖွားရန် ဆန္ဒရှိသည် ဟု ပြောခဲ့သည်။

ဧပြီ ၂၉ ရက်နေ့ တွင် အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည့် ရက်(ပ)အဆိုတော် မျိုးကျော့မြိုင်နှင့်
အသက် ၃၃ နှစ် အရွယ်ရှိ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ သွင်ပပ
အောင် တို့ နှစ်ဦးသည့် ရန်ကုန် ရှိ ယုဇန ဂါးဒင်းဟိုတယ် တွင် လက်ထပ်မင်္ဂလာ အခမ်းအနား
ကျင်းပခဲ့သည်။

No comments:

Post a Comment