Pages

Subscribe

Thursday 17 June 2010

ရဟတ်ယာဉ်ပျက်ကျ၊ ၄ ဦးသေ

မြန်မာ့ လေတပ်မှ ရဟတ်ယာဉ် တစီး ယမန်နေ့က ပျက်ကျခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရုရှားနိုင်ငံလုပ် Mi - 1 အမျိုးအစား ရဟတ်ယာဉ်သည် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့အနီးတွင် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ ခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်တပ် အရာရှိတဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။


MI-1 အမျိုးအစား ရဟတ်ယာဉ်

“၄ ယောက် သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်၊ ဒဏ်ရာ ရတဲ့သူကို အဲဒီနားက ဆေးရုံကိုပဲ ပို့ထားတယ်” ဟု အဆိုပါ စစ်တပ် အရာရှိက ဆိုသည်။

ယင်း ရဟတ်ယာဉ် ပျက်ကျမှုကို ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြ ထားခြင်း မရှိဘဲ သေဆုံးသွား သူများမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကိုလည်း မသိရှိရချေ။

သေဆုံးသူများ ထဲတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ စစ်ဗျူဟာမှူး တဦး ပါဝင်ကြောင်း မြန်မာ ဘလော့ တခုဖြစ်သော http://www.baymyanmar.com/2010/06/mi-1.html တွင် ဖော်ပြထားသော်လည်း အဆိုပါ အကြောင်းအရာကို ဧရာဝတီ သတင်းဌာနမှ အတည်မပြုနိုင်သေးချေ။

၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး နှင့် တခြားသော အဆင့်မြင့် အရာရှိကြီးများ သေဆုံးခဲ့ရသော်လည်း ပျက်ကျခဲ့ရသည့် အကြောင်းအရင်းကို စစ်အစိုးရက ယနေ့ထက်ထိ ထုတ်ပြန်ခြင်း မရှိပေ။

၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် အစီး၂၀ ကို ရုရှားမှ ဝယ်ယူရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။

No comments:

Post a Comment