Pages

Subscribe

Thursday 17 June 2010

စစ်တွေတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းများကို ရေဖုံးလွှမ်း

Sittwe downfallစစ်တွေတွင်လည်း မိုးအဆက် မပြတ်ရွာသွန်းသဖြင့် ဇွန်လ ၁၅ ရက်နေ့က လမ်းမကြီး အပါအ၀င် စစ်တွေမြို့ ရပ်ကွက် အတော်များများကို ရေများ ဖုံးလွှမ်းသွားခဲ့သည်ဟု သတင်း ရရှိသည်။

စစ်တွေ မြို့ခံ တဦးက “ မိုးက ရက်ဆက်ဆိုသလို ရွာနေတော့ ဇွန်လ ၁၅ ရက်နေ့မှာ စစ်တွေ လမ်းမကြီး အပါအ၀င် နေရာ အများအပြားကို ရေနစ်မြုပ်သွားခဲ့ပါတယ်။ မိုးနဲ့ အတူ လေကလည်း ပါလာတော့ လမ်းသွား လမ်းလာတဲ့ နေရာမှာ တော်တော့ကို ဒုက္ခရောက်ကြရပါတယ်” ဟု ပြောသည်။


စစ်တွေတွင် မိုးအဆက် မပြတ်ရွာသွန်းမူကြောင့် ကျောင်းတချို့ကိုလည်း ပိတ်ထားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် အနှင့်္အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် မေယူမြစ်ရေမှာ လျှံတက်ခဲ့ပြီး ဘူးသီးတောင်မြို့တွင် ဧစေတီ ကျောင်းရှိရာ နေရာမှ တခုမှ အပ တမြို့ကို ရေဖုံးလွှမ်းခဲ့သည်။ ဘူးသီးတောင်ဈေး တခုလုံးမှာ ရေအောက် ရောက်သွားပြီး မြို့ပေါ်တွင် ရေ ၁၀ ပေထိ တက်ခဲ့ကြောင်း သိရသည်။

“စစ်တွေမှာ ရွာသလို တခြားနေရာ အနှံ့အပြားတွင်လည်း မိုးရွာနေတဲ့ အတွက် တောင်းကျ ချောင်းရေတွေ ထွက်နေတာကြောင့် မေယု မြစ်ရေ မြင့်တက်နေပါတယ်။ ဘူးသီးတောင်နဲ့ စစ်တွေ အကြား သင်္ဘော ပြေးဆွဲလို့ မရဘူး။ တချို့ သင်္ဘော ခရီးစဉ် ရပ်တန့်ထားရပါတယ်” ဟု စစ်တွေ မြို့ခံ က ပြောသည်။

ယခုအခါ မိုးအဆက် မပြတ်ရွာသွန်းနေမူ ရခိုင်ပြည်နယ် အတွင်း ဒေသ အတော်များများကို ရေဖုံးလွှမ်းနေပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်တန့်ထားရကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment