Pages

Subscribe

Thursday 17 June 2010

၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ရခိုင်မှ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၈ဦး ထွက်ပေါ်

မြန်မာနိုင်ငံ၏ ၂၀၀၉-၂၀၁၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ တွင် ရခိုင်ပြည်နယ်မှ ဘာသာစုံ ဂုဏ်ထူးရှင် ၁၈ ဦး ထွက်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ၁၈ဦးမှာ စစ်တွေမြို့မှ ၁၂ ဦး၊ သံတွဲမြို့မှ ၅ ဦးနှင့် ပုဏ္ဏားကျွန်းမြို့မှ ၁ဦး တို့ဖြစ်ကြသည်။

စစ်တွေမြို့ခံတဦးက" ဒီနှစ် စစ်တွေက ဘာသာစုံ ဂုဏ်ထူးရှင် ၁၂ဦး ပါတယ်ဆိုလို့ ဝမ်းသာမိပါတယ်။ ၁ ဘာသာ၊ ၂ဘာသာ ဂုဏ်ထူးရှင်တွေလည်း အများကြီး ပါဘဲ။ ဒါပေမယ့် အောင်ချက် ရာနှုန်းက တော်တော့ကို နည်းပါတယ်။ ကျတဲ့ကျောင်းသား ကျောင်းသူတွေ များတယ်လို့ သိရပါတယ်။" ဟု ပြောသည်။

Type the rest of your post here.အလားတူ ရခိုင်တပြည်နယ်လုံးတွင် ၅ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး ထွက်ပေါ် ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ စစ်တွေမြို့မှ ၉ဦး၊ သံတွဲမြို့မှ ၆ဦး၊ ကျောက်ဖြူမြို့မှ ၅ဦး၊ ကျောက်တော်မြို့မှ ၁ဦး၊ ပေါက်တောမြို့မှ ၁ဦး၊ တောင်ကုတ်မြို့မှ ၁ ဦး၊ မင်းပြားမြို့မှ ၁ဦးနှင့် ရသေ့တောင်မြို့မှ ၁ဦး တို့ဖြစ်ကြသည်။

မောင်တောမြို့ခံ တဦးကလည်း" ရခိုင်ပြည်နယ်က ဂုဏ်ထူးပါတဲ့ ကျောင်းသား ကျောင်းသူတွေ ဒီနှစ်မှာ တော်တော် များပါတယ်။ ဒါပေမယ့် အောင်တဲ့သူတွေက နည်းပါတယ်။ မောင်တောမှာ ဆိုရင် ၄ ဘာသာ ဂုဏ်ထူးရှင် ၃ဦး ပါ ပါတယ်။ နောက် ၁ဘာသာ၊ ၂ဘာသာ ပါတဲ့သူတွေလည်း ရှိပါတယ်။" ဟု ပြောသည်။

ယခုနှစ် ရခိုင်တပြည်နယ်လုံးတွင် ၆ဘာသာ ဂုဏ်ထူးရှင် ၁၈ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၃၇ဦး၊ ၃ဘာသာ ဂုဏ်ထူးရှင် ၅၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၁၆ ဦးနှင့် ၁ဘာသာ ဂုဏ်ထူးရှင် ၇၃၇ ဦးတို့ ဖြစ်သည်။

စစ်တွေမှ အထက်တန်းပြ ဆရာတဦးကလည်း" အောင်တဲ့သူတွေထဲမှာ ဘော်ဒါဆောင်မှာ နေပြီး သင်တဲ့သူတွေ၊ စာသင်ဝိုင်းတွေနဲ့ သင်တဲ့ ကျောင်းသူ ကျောင်းသားတွေ များတယ်။ သာမာန် ရိုးရိုး အစိုးရကျောင်းမှာ တက်ပြီး ဖြေဆိုသူတွေ သိပ်အောင်တာ မတွေ့ရဘူး။" ဟု နိရဉ္စရာသို့ ပြောသည်။

မြန်မာနိုင်ငံ ပညာရေးဌာနမှ ဆယ်တန်း အောင်စာရင်းကို ယခုလ ၁၃ရက် တနင်္ဂနွေနေ့ နံနက်က ထုတ်ပြန် ကြေငြာခဲ့သည်။

No comments:

Post a Comment