လေးကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ဘန်းဒုန်ယမ်းမြန်မာဒုက္ခသည်စခန်း၌  ယနေ့နံနက်တွင်ကျင်းပခဲ့သည်။
                                  
ယင်းအခမ်းအနားသို့ ထားဝယ်အမျိုးသားနှစ်ရာကျော်တက်ရောက်ခဲ့ပြီး  စခန်းတွင်နေထိုင်ကြသည့် မွန်၊ ဗမာ၊ ကရင်တိုင်းရင်းသားများ  တက်ရောက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
 
![]()  |                                    
သူ့အပြောအရ ဗမာ့တပ်မတော်တွင်ထင်ရှားသူ ထားဝယ်အမျိုးသားဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့်နေ့ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။
![]()  |                                    
ဗိုလ်မှူးကြီးဗထူးသည်  ဖက်ဆစ်ဂျပန်ခေတ်တွင် ငှက်ဖျားရောဂါဖြင့် မြန်မာပြည်အထက်ပိုင်းဒေသတစ်နေရာ ၌   ၁၉၄၅ ခုနှစ် ဇွန်လ ၂  ရက်နေ့တွင်ကွယ်လွန်ခဲ့သည်ဟု သိရသည်။
                                 
  ယခုထားဝယ်အမျိုးသားနေ့တွင် ဗိုလ်မှူးကြီးဗထူး ရုပ်ပုံပါတီရှပ်အင်္ကျီများ  ဖြတ်ဝေခဲ့သည်လည်း တွေ့ရှိရသည်။
  မြန်မာစစ်အစိုးရမှ ထားဝယ်ဒေသများအတွင်း  ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှူကြောင့် ဒေသခံများ  ဘန်းဒုန်းယမ်းဒုက္ခသည်စခန်းသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု  စခန်းနေထားဝယ်အမျိုးသားများက ပြောဆိုနေကြသည်။
                                 
  ဘန်းဒုန်ယမ်းဒုက္ခသည်စခန်းတွင် ဒက္ခသည်ဦးရေ လေးထောင်ကျော်ရှိရာ  တတိယနိုင်ငံသို့ထွက်ခွာရန် စောင့်ဆိုင်းနေသူများဟု သိရသည်။ 



No comments:
Post a Comment