Pages

Subscribe

Saturday 10 July 2010

၂၀၁၀ ရွေးကောက်ပွဲ မပါဝင်ကြရန် ရွှေလီမြစ်ဝှမ်းဒေသ၌ လျှို့ဝှက်စာဖြန့်ဝေ

နအဖ စစ်အုပ်စု ဦးစီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ကြရန် မူစယ် နမ့်ခမ်းမြို့နယ်အတွင်းစာများလျှို့ဝှက်ဖြန့် ဝေလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ထုန့်မောဝ်း အခြေစိုက် SSA - S အမှတ် ၇၀၁ တပ်ရင်း သျှမ်းမျိုးချစ်ဆိုပြီးတော့ ဒီလဆန်းပိုင်းမှာ စဖြန့်တယ်။ အဲဒီစာထဲ မှာ ပြည်သူအနေအနဲ့ နအဖ ရွေးကောက်ပွဲမှာမပါဝင်ဖို့အဓိကတိုက်တွန်းထားတယ်၊ ပါဝင်ရင် ဘာလုပ်မယ်ညာလုပ်မယ် ဆိုတာတော့ပြောမထားဘူး”- ဟု မူစယ်မြောက်ရပ်ကွက်နေ စိုင်းနွံမောဝ်းက ပြောပါသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအပါအ၀င် မေလနှောင်းပိုင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့် ရသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ဆက်တိုက်လှုပ်ရှားမှုြုပလာနေချိန် ဤကဲ့သို့ စာဖြန့်ဝေမှု ဖြစ်ပေါ်လာ ခြင်းသည်။

၎င်းနှင့်ပါတ်သက်၍ သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်က - “ ကျနော်တို့ သျှမ်းပြည်တပ်မတော် ပေါ်လစီအရ ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူအတွက်ဘာမှ အကျိုးမရှိဘူး။ သန်းရွှေ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေ အသက်သွင်းဖို့ဘဲဖြစ်တယ်၊ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ဘဲဖြစ် တဲ့အတွက် ပြည်သူအနေနဲ့ မပါဝင်/မဲမထည့်ကြဖို့အတိအလင်း သတိပေးလိုက်ပါတယ်၊ မလွဲသာလို့ ဖိအား နဲ့ မဲပေးခိုင်းရင်လဲ ဗလာမဲပေးတဲ့နည်း ဘဲအသင့်လျှော်ဆုံး - ဆိုတဲ့ အချက်ပေါ်လုပ်ဆောင်သွားခြင်းသာဖြစ် တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ပြော၏။

တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က နမ့်ခမ်း မြို့နယ် နောင်ခန် ကျေးရွာအုပ်စုဘက် စည်းရုံးရေးမဆင်း ရန် ၎င်းတို့ပါတီအား တားမြစ်ထားကြောင်း နမ့်ခမ်းမြို့နယ်ကော်မတီ ကျားဖြူပါတီဝင်တဦးက ဤကဲ့သို့ ရှင်းပြ၏။

“နမ့်ခမ်းမြို့ နောင်ခန်ဘက်မှာဆို အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ဖို့ ကွင်းဆင်းဟောပြောတဲ့ နမ့်ခမ်း ကြံ့ဖွတ် ဥက္ကဌ စိုင်းကျော်မြင့် အသတ်ခံရတယ်။ နောက်ပိုင်းမှာလဲ အဲဒီနေရာဘဲ အောက်တိုဘာ ၁၇ ရက်နေ့ ည နောင်ခန် အုပ်စု အတွင်းရေးမှူး စိုင်းကျော်ညွှန့်ဘုံကထိန်အတွက် အစည်းအဝေးလုပ်နေတုန်း ပစ်သတ်ခံလိုက်ရပြန်တယ်- စသဖြင်ပေါ့။ ဘာဘဲ ဖြစ်ဖြစ်ကျနော်တို့ အနေနဲ့တော့ တတိယလက်သည်/အုပ်စုရှိလာမှာကိုဘဲစိုးရိမ်တယ်”

နမ့်ခမ်းမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား ပေါက်လုံရပ်ကွက်နေ စိုင်းခမ်းအောင် ၅၃ နှစ်က ဦးဆောင် ပြီး၊ (သျှမ်း)ကျားဖြူပါတီ မြို့နယ်ကော်မတီ ဥက္ကဌမှာ ဒါက်တာစိုင်းကျော်အုန်း၊ ပလောင်အမျိုးသားပါတီ DPNP မြို့နယ် ကော်မတီဥက္ကဌမှာ စိုင်းအေးမောင် ဖြစ်၏။ တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီကိုမူ ပေါက်တိုက်ရပ် ကွက်နေ အသက် ၅၃ နှစ်ရှိ စိုင်းလှအောင် က ဦးဆောင်ကြောင်း သိရပါသည်။

No comments:

Post a Comment