Pages

Subscribe

Tuesday 13 July 2010

နေပြည်တော် မှ ပင်လောင်းသို့ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ထား

နေပြည်တော် မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း မြို့သို့ မော်တော် ကားလမ်း နှင့် ရထားလမ်း ကို တစ်ပြိုင်တည်း ဖောက်လုပ် ခဲ့ရာ ယခုအခါ မော်တော် ကားလမ်းမှာ ပင်လောင်း မြို့နယ် ကိုးကွေ့ အထိ လုံးဝ ဖောက်လုပ် ပြီးစီး သွားပြီး ခရီးသည် ယာဉ် များ၊ ဘတ်စ် ကားကြီးများ ပြေးဆွဲနိုင် ရန် မကြာမီ ဖွင့်လှစ် ပေးတော့ မည်ဟု သိရသည်။ ယင်း မော်တော် ကားလမ်းသည် မူလ နေပြည်တော် ပျဉ်းမနား - ပင်လောင်း လမ်းကို ဆက်စပ် ဖောက်လုပ် ပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် - မန္တလေး လမ်းမကြီး မိုင်တိုင် အမှတ် (၂၇၁/၄) မှ အရှေ့ဘက်ရှိ ရှမ်းကုန် မြေမြင့်သို့ ဖြာထွက် ဖောက်လုပ်ခဲ့သည့် လမ်းခွဲသည် နေပြည်တော် တပ်ကုန်းမြို့ ကင်းသာ လမ်းခွဲမှ စတင်ပြီး ပင်လောင်း မြို့နယ် ကိုးကွေ့ အထိ (၂၀/၃) မိုင် ရှိသည်၊ ပင်လောင်းမြို့ အထိ ၆၉ မိုင် ရှိမည် ဖြစ်သည်။ လမ်းတစ်လျှောက် တံတားငယ် များ၊ ရေပြွန် များဖြင့် ဖောက်လုပ်ခဲ့ပြီး အကြီးဆုံး တံတားမှာ လိန်းလီကြိုး တံတားကြီး ဖြစ်သည်။

ယင်း ကားလမ်းကြီး သည် ပင်လောင်းမြို့မှ နှစ်မိုင် အကွာ ပင်လောင်း-လွိုင်ကော် ကားလမ်း ပေါ်ရှိ ရင်းမီး ကျေးရွာသို့ ရောက်ရှိပြီး အရှေ့ဘက် လွိုင်ကော်မြို့ အထိ သွားနိုင် သည်။ တစ်ချိန် တည်းမှာပင် နေပြည်တော် - ဆင်သေ (တပ်ကုန်း) - ပင်လောင်း သို့ ရထားလမ်း ကိုလည်း ဖောက်လုပ်လျက် ရှိရာ ယင်း ရထားလမ်းသည် အောင်ပန်း - လွိုင်ကော် ရထားလမ်း ပေါ်ရှိ သစ်ပင်ကြီးရွာ ရထားရပ် စခန်းနှင့် ဆက်စပ်ပြီး သစ်ပင်ကြီး ရထားရပ် စခန်းအား နေပြည်တော်-ပင်လောင်း ရထား လမ်းပေါ်ရှိ ဘူတာ အဖြစ် တိုးမြှင့် ဆောင်ရွက် သွားမည်ဟု သိရသည်။ ယင်း သစ်ပင်ကြီး ဘူတာမှာ ရွှေညောင် - တောင်ကြီး သို့ လည်းကောင်း၊ လွိုင်ကော်သို့ လည်းကောင်း ရထားဖြင့် ဆက် လက် သွားရောက် နိုင်မည်ဟု သိရသည်။

No comments:

Post a Comment