
Website မှာ အခြေခံ ဈေးနှုန်း ဖော်ပြထားတာ ကိုးဒေါ်လာ (အမေရိကန် ဒေါ်လာ) ပဲဗျ၊ ဒါပေမဲ့ ကွာလာဘက်က Tax တွေ၊ Fuel ကြေးတွေ ပါရင် ၅၀၊ ၆၀ (အမေရိကန် ဒေါ်လာ) လောက်တော့ ရှိမယ် ထင်တယ်ဟု လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် လုပ်ငန်း တစ်ခု ဖြစ်သည့် Vega မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အရောင်း မြှင့်တင်ရေး ကာလ အတွင်း ထိုင်ခုံ အရေအတွက် အကန့်အသတ် ရှိပြီး www.asia.com တွင်လည်း ဝယ်ယူ နိုင်ကြောင်း သတင်း ထုတ်ပြန်ချက် အရ သိရသည်။ ကမ္ဘာတစ်ဝန်းမှ ခရီးသည် များသည် မြန်မာနိုင်ငံကို လာဖို့ အတွက် ဈေးသက်သာတဲ့ လမ်းကြောင်း ဖြစ်တဲ့ ကွာလာလမ်ပူကို တစ်ဆင့်ခံ အနေနဲ့ ရွေးလာကြတယ်ဟု Air Asia ဒေသဆိုင်ရာ အကြီးအကဲ Kathleen Tan ၏ ပြောဆို မှုကို ကိုးကား၍ မလေးရှား အစိုးရပိုင် Barnama သတင်းတွင် ဖော်ပြထားသည်။
ယင်းခရီးစဉ်အတွက် ခရီးသည် ၁၈၀ ဆံ့ Airbus အမျိုး အစားဖြင့် ပြေးဆွဲ ပေးမည်ဟု Air Asia က ဆိုသည်။ လတ် တလောတွင် ရန်ကုန် - ကွာလာလမ်ပူ တိုက်ရိုက် လေယာဉ် လက်မှတ်များ ဝယ်ယူရ ခက်ခဲသဖြင့် မလေးရှား နိုင်ငံသို့ သွားရောက်မည့် သူများ ရက်ကြာ စောင့်ဆိုင်းရမှု နှင့် လေယာဉ် နှစ်ဆင့် စီးနင်း ရမှုများ ဖြစ်ပေါ် နေကြောင်း ပြည်ပ အလုပ် အကိုင် ရှာဖွေရေး လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ Air Asia ဝင်လာတာ အချိန်ကောင်း ဖြစ်နေတယ်ဟု ၄င်းက ဆိုသည်။ ရန်ကုန် - မလေးရှား တိုက်ရိုက် လေကြောင်း လိုင်းသည် လေယာဉ် လက်မှတ် အနေ အထားမှာ ကျပ်နေသည်ဟု ဆိုနိုင်ကြောင်း၊ အချို့ ရက်များ ရနိုင်သော်လည်း ရက် အများ စုမှာ မရနိုင်ကြောင်း၊ တစ်ဆင့် လက်မှတ် ဆိုလျှင် အဆင်ပြေ နိုင်ကြောင်း ရန်ကုန် အခြေစိုက် လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် ကုမ္ပဏီများ ထံမှ စုံစမ်း သိရှိရသည်။ ရန်ကုန်-ကွာလာလမ်ပူ လေယာဉ် လက်မှတ် ဈေးနှုန်းများမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၂၀ဝ အထက် ရှိကြောင်း လေကြောင်းလိုင်းများ ထံမှ စုံစမ်း သိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။
No comments:
Post a Comment