မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၅ သိန်းတန် စီဒီအမ်အေဖုန်း များကို အကန့် အသတ်မရှိ ချပေးမည် ဖြစ်ပြီး ဆက်သွယ်ရေး ကောင်းမွန် စေရန် အတွက် ပင်မ စခန်း များကို တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ အလုံ မြို့နယ်ရှိ ဝါယာလက် အော်တို တယ်လီဖုန်း ဌာနသို့ လာရောက် စစ်ဆေးသည့် ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန ဝန်ကြီး ဦးသိန်းဇော်က ပြောကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားချက် အရ သိရသည်။ လိုင်းဆွဲအား ကောင်းမွန်စေရန် အတွက် MCS ဆက်သွယ်ရေး ပင်မစခန်း ခံနိုင်ဝန် မြှင့်တင်ခြင်း၊ BTS စခန်း ၉ ခု တပ်ဆင်ခြင်း နှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင့် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ငါးသိန်းတန် အထိုင်ဖုန်း များကို ရွေ့လျား ဖုန်းများ အဖြစ် သယ်ယူ သွားလာ နေခြင်းကြောင့် ဖုန်းလိုင်းများ ကျပ်ကာ တစ်ခါ တစ်ရံ လိုင်း မမိခြင်းများ ဖြစ်ပေါ် နေခြင်းကို လိုင်းဆွဲအား ကောင်းမွန် စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ “ ငါးသိန်းတန် ဖုန်းတွေကို သတ်မှတ် နေရာမှာပဲ အထိုင် ဖုန်းနဲ့ သုံးမယ် ဆိုရင် လိုင်းဆွဲအား ကောင်းတာပေါ့။ အခု ငါးသိန်းတန်ဖုန်း သုံးတဲ့ သူတွေက နေရာ အနှံ့ လက်ကိုင်ဖုန်း အဖြစ် သယ်ယူ နေတော့ လိုင်း ကျပ်တာတွေ ဖြစ်ကုန်ရော ”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာ နိုင်ငံတွင် အိတ်ချိန်းပေါင်း ၉၀၀ နီးပါး နှင့် အော်တိုဖုန်း၊ မိုဘိုင်းဖုန်းများ အရေ အတွက် စုစုပေါင်း ၇ သိန်းကျော် ရှိပြီး FEC ၂၀ တန်နှင့် ၅၀ တန် ဖုန်းကတ် များ ကိုလည်း သုံးစွဲလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

No comments:
Post a Comment