
ယခုအခါ လမ်းသစ် ဖောက်လုပ်ရန် အတွက် တိုင်းတာ ရှင်းလင်း မှုများ စတင် နေပြီ ဖြစ်ပြီး အလံတိုင်များ စိုက်ထူ ထားသည်ကို တွေ့ရသည်ဟု ကြည့်မြင်တိုင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။ “ ပုဂ္ဂလိက လူနေအိမ် အဆောက် အအုံတွေ ပါတာ မတွေ့ရဘူး။ ဒီ လမ်းမ အသစ်က လမ်းလယ်ကျွန်း အပါ အဝင် ၈၄ ပေ ရှိတယ်။ လမ်း တစ်လျှောက်မှာ ရှိတဲ့ မလွတ်တဲ့ အဆောက် အအုံနဲ့ လူနေအိမ် တွေက ဌာနဆိုင်ရာ တွေပဲ တွေ့ရတယ်။ တန် ၁၀၀ ဝန်ခံ နိုင်မယ့် လမ်းဆိုတော့ ထုထည်ရော ကြံ့ခိုင်မှုပါ ကြီးမားမယ့် သဘောရှိပါတယ် ” ဟု ၄င်းက ဆိုသည်။
ကမ်းနားလမ်းသစ် ဖောက်လုပ် ရာတွင် လမ်းဧရိယာ ထဲတွင် ပါဝင်မည့် ဌာနဆိုင်ရာ လူနေအိမ် အဆောက် အအုံပေါင်း ၈၀၇ လုံးရှိပြီး၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ၅၅ လုံး၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ၃၆ လုံး၊ စွမ်းအင် ဝန်ကြီး ဌာနမှ ၂၅ လုံး၊ နယ်စပ် စည်ပင်မှ ၃ လုံး၊ ရေတပ် တပ်ထိန်းရုံးမှ ၄ လုံး၊ သစ်တောမှ ၆၅၈ လုံး နှင့် လျှပ်စစ် ၂ မှ ၂၆ လုံး ဖြစ်ကြောင်း သိရသည်။ အသစ် တည်ဆောက် ဖောက်လုပ်မည့် လမ်းသည် ဖြတ်သန်း သွားလာမည့် ယာဉ်နှင့် ဝန် အလေးချိန် ခံနိုင်ရည်ကို တန် ၁၀၀ သတ်မှတ် ထားပြီး နေ့စဉ် ဖြတ်သန်း သွားလာမည့် ယာဉ် အစီးရေမှာ ၁၀၀၀ မှ ၁၂၀၀ ခန့်အထိ လျာထားကြောင်း၊ လက်ရှိ သွားလာ နေသည့် ကမ်းနားလမ်းမ၏ ယာဉ်နှင့် ကုန်ခံနိုင်မှု အလေးချိန်မှာ တန် ၆၀ သာ ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment