အဆိုပါ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂ လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့် ပန်ကာများ သုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉၀ နှင့် 5000 Watt ကို ကျပ်သိန်း ၁၂၀ စသည်ဖြင့် ရှိပြီး ဆိုလာ
စနစ်များ အတွက် လုပ်ငန်း အပ်နှံ လာပါက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစား အလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ နှင့် ရေမော်တာ စက်များအထိ အသုံးပြု နိုင်သည်ဟု သိရသည်။နေရောင်ခြည် စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြား များကို ရာနှုန်းပြည့် ဂျပန် နည်းပညာဖြင့် အမှတ်(၂) စက်မှု ၀န်ကြီး ဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ဒဂုံ)၊ LED မီးသီး ထုတ်လုပ်မှု စက်ရုံက ထုတ်လုပ်ထားပြီး၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အစိုးရ အဖွဲ့ အစည်း များ၏ တရားဝင် ထောက်ခံ အသိ အမှတ် ပြုထားသော ဆိုလာပြားများ ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံ ပေးထားပြီး ၀ယ်ယူလို ပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော် ၌ မြန်မာ့ စက်ကိရိယာ နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ် နိုင်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

No comments:
Post a Comment