Pages

Subscribe

Saturday 29 May 2010

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပထမဦးဆုံး ကျေးရွာတစ်ရွာ အဓ္ဓမပြောင်းရွှေ့ရ

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား အထက်ပိုင်း ၂၈မိုင် အကွာရှိ မဇွပ်ရွာ သည် မြန်မာစစ်အစိုးရ၏ ဧရာဝတီမြစ်၊ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပထမဦးဆုံးရွာအနေဖြင့် ယနေ့ အဓ္ဓမပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

051710-tang-hpre

စစ်အစိုးရက မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာရှိ ရပ်ရွာအားလုံးကို ရွှေ့ပြောင်းရန် မြစ်ကြီးနားမြို့မြောက်ဘက် ၁၈ မိုင်အကွာ လုံဂါဇွပ် (ပုံ) တွင် နေအိမ် ၆၀၀ ကို ဆောက်လုပ်ပြင်ဆင်ထားပါတယ်။

အိမ်ခြေပေါင်း ၆၃အိမ်ရှိသည့် မဇွပ်ရွာ (Mazup Mare) ကို ပြောင်းရွှေ့ရန် ကျေးရွာပြင်ပမှ အစိုးရနှင့် အရပ်သား အယောက် ၂၀၀ကျော်သည် မြစ်ကြီးနားမှတက်လာကာ မပြောင်းရွှေ့လိုသော ရွာသားများအား အတင်းအဓ္ဓမ ပြောင်းရွှေ့လိုက်ကြသည်။

ယင်းပြည်သူလူထုများသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တပ်များ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ နှင့် မြစ်ကြီးနားမြို့မှ အလေ့ကျဆင့်ခေါ်ထားသည့်သာမန်ပြည်သူများဖြစ်ပြီး မဇွပ်ရွာကို အတင်းအကြပ်ပြောင်းရွှေ့ခိုင်းကာ အိမ်ခြံများကို ဖျက်ဆီးပစ်၍ လုံဂါဇွပ် ကျေးရွာရှိ အေးရှားဝေါလ် ကုမ္ပဏီမှ တည်ဆောက်ထားသည့် အိမ်တန်းသို့ ပြောင်းရွှေ့လိုက်ရသည်။
ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရန် ရေကာတာတည်ဆောက်သည့် အနီးတစ်ဝိုတ်ရှိ ရပ်ရွာများအား အတင်းပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။

မဇွပ်ရွာ သည် မေခနှင့်မလိခ မြစ်ဆုံကြားရှိကျေးရွာဖြစ်ပြီး လူဦးရေ ၁၅၀ကျော် နေထိုင်သည့်ရွာဖြစ်သည်။

မေ (၁)ရက်နေ့တွင် မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ ထုတ်ပြန်လိုက်သည့် ရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို ပြောင်းရွှေ့ရေး အမိန့်စာကို ယနေ့ပင် အကောင်အထည်ဖော်လိုက်သည်။

ယမန်နေ့တွင်ပင် တရုတ်သမ္မတ ဟူကျင်တောင်အား ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)မှ တရုတ်နိုင်ငံတည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန်အတွက် တောင်းဆိုထားသည်။

၎င်းရေကာတာတည်ဆောက်ရေးအား တရုတ်အစိုးရပိုင် တရုတ်နိုင်ငံစွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) ကုမ္ပဏီ၊ တရုတ်ပြည်မှ အင်ဂျီနီယာ၊ တရုတ်နည်းစနစ်ဖြင့် ဆောက်လုပ်ကာ လျှပ်စစ်လည်း တရုတ်ပြည်ကို ရောင်းချဖို့ရန် ဖြစ်သည်

No comments:

Post a Comment