Pages

Subscribe

Saturday 29 May 2010

မီးသွယ်တန်းရန် ငွေကြေး မပေးဆောင်နိုင်သည့်အတွက် ပြည်သူများ စိတ်ပျက်နေ

ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်အစိုးရမှ မီးများ သွယ်တန်းပေးမည်ဟု ကတိပေးသော်လည်း ငွေကြေး မပေးဆောင်နိုင်သည့်အတွက် ပြည်သူများ စိတ်ပျက်နေကြသည်။

“သူတို့ တော်တော် စိတ်ဆင်းရဲမယ်။ တချို့တော့ မျက်ရည်ကျမှာပဲ။ ပင်ပင်ပန်းပန်း ရှာထားပြီး ပေးထားပြီးပြီ။ မီးရတော့မယ်လို့ စိတ်အားတင်းထားကြတယ်။ ဒါတွေဒါတွေ လိုတယ်လို့ တဆင့်ပြီးတဆင့် ထပ်တောင်းလာတော့ လူတိုင်းက ဘယ်တတ်နိုင်မလဲ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောပါသည်။
ဓါတ်တိုင်များကို လွိုင်ကော်ကျောင်းသား အားကစားကွင်းမှ ဒေါကလိုးခူကျေးရွာအထိ သွယ်တန်းမည် ဖြစ်သည့်အတွက် မီးတိုင်ပေါင်း ၃၀ ကျော် လိုအပ်မည် ဖြစ်သည်။ အဆိုပါ ရွာသားများသည် မီးရတော့မည် ဖြစ်သည့်အတွက် မီးတိုင်ခ ပေးဆောင်ရန် စိတ်အားထက်သန် နေသည်။ သို့သော် နောက်ပိုင်းတွင် မီးကြိုးခ၊ မီးတပ်ဆင်ခ စသည့် ငွေများကို မပေးဆောင်နိုင်သည့်အတွက် ရွာသားများ စိတ်ပျက်နေ ကြရခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆိုင်မယ် ထင်တယ်။ ခါတိုင်းဆို ရွာတွေက မြို့နဲ့ နီးလဲမရ၊ ဝေးလည်းမရ၊ အခုက မြို့ငယ်ဖြစ်စေ၊ မြို့ကြီးဖြစ်စေ အကုန်လုံး ပေးတယ်” ဟု လွိုင်ကော်မြို့ ချိကယ် ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ချိကယ်ကျေးရွာအုပ်စုနှင့် ဒေါကလိုးခူကျေးရွာအတွက် မီးတိုင်များ ထောင်ခဲ့ရာ မီးတိုင် တတိုင်ကို ကျပ်တသိန်း နှစ်သောင်း (၁၂၀၀၀၀) ပေးဆောင်ခဲ့သော်လည်း ယခုချိန်ထိ မီးမရသေးကြောင်း သိရသည်။

မီးတိုင်များ ထောင်ထားပြီးသော်လည်း မီးကြိုးများကို ယခုအချိန်ထိ မဆွဲပေးသည့်အပြင် မီးလင်းရန် မီတာဘောက် ထားရှိနိုင်သည့် အိမ်များကိုသာ မီးရမည် ဖြစ်၍ မီတာဘောက်ခ မဆောင်နိုင်သည့် အိမ်များသည် ယခုချိန်ထိ အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောပါသည်။

No comments:

Post a Comment