စစ်အစိုးရမှ  ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံ ၆ ရုံကို တည်ဆောက်ရန် ဆက်လက် ခွင့်ပြုလျက်  ရှိကြောင်း သိရသည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ် အတွင်း ဘိလပ်မြေ စက်ရုံ  နှစ်ဆယ်ကျော် ရှိလာမည် ဖြစ်ကြောင်း ဘိလပ်မြေ ထုတ်လုပ်မှု နှင့် ပတ်သက်၍  စာတမ်း ပြုစုထားသူ ပညာရှင် တစ်ဦးက ပြောသည်။ “ ရှမ်းပြည်နယ် တောင်ပိုင်း  တီကျစ်မြို့ အနီးက PNO ပိုင် နဂါး ဘိလပ်မြေ စက်ရုံကလည်း ဆောက်ပြီးသွား  ပါပြီ။ ၆ လလောက် အတွင်း လုပ်ငန်း လည်ပတ်ဖို့ စီစဉ်နေ ပါတယ်။ အဲဒါ  ဆိုရင်တော့ မြန်မာနိုင်ငံ မှာ ဘိလပ်မြေ စက်ရုံ ၁၄ ရုံ ရှိလာတော့ မှာပါ။  ကျွန်တော် သိတဲ့ အထဲမှာတော့ ပုဂ္ဂလိကစက်ရုံ ၆ ရုံ ထပ်မံ တည်ဆောက်ခွင့်  ပြုထားပါတယ် ”ဟု ၄င်းက ပြောသည်။ ယခု အခါ ပြည်တွင်း၌ တစ်နှစ်လျှင် ဘိလပ်မြေ  တန်ချိန် အနည်းဆုံး ၅ သန်း လိုအပ်လျက် ရှိပြီး လက်ရှိ ထုတ်လုပ်မှုမှာ  တန်ချိန် ၂ သန်း မပြည့် သေးကြောင်း သိရသည်။ ယခုနှစ် ဧပြီ နှင့် မေလ  များတွင် စက်မှု ၁ ၏ နေပြည်တော် ဘိလပ်မြေ စက်ရုံ၊ ဦးဇော်ဇော် ၏  မက်စ်ဘိလပ်မြေ စက်ရုံ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏  မြို့တော် ဘိလပ်မြေ စက်ရုံ တို့ကို ဖွင့်လှစ် ခဲ့သည်။
Saturday, 29 May 2010
ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံ ၆ ခုတည်ဆောက်ရန် ထပ်မံ ခွင့်ပြု

Labels:
ဟံသာဝတီသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment