မိုင်းယန်းမြို့ရှိ ၁၁ ရပ်ကွက်မှ ရပ်ကွက်အကြီးအကဲအသီးသီးအား တစ်ရပ်ကွက်လျှင် ပြည်သူ့စွမ်းအားရှင်အဖွဲ့ အတွက် ၁၀ ယောက်၊ ကြံ့ဖွံ့ပါတီအတွက် အယောက် ၂၀ ရှာဖွေစုဆောင်းပေးရန် အာဏာပိုင်များက ဖိအားပေး တောင်းဆိုထားသည်ဟု ရပ်ကွက်အကြီးအကဲတစ်ဦးက ပြောပါသည်။
ပြည်သူ့စွမ်းအားရှင်အဖွဲ့အတွက် မြို့နယ်မှူးနှင့်အပေါင်းပါ ၈ ယောက်က မေ ၂၅ ရက်နေ့တွင် အချို့ရယကဥက္ကဋ္ဌ နေအိမ်များအထိ သွားရောက်ဖိအားပေးစည်းရုံးစုဆောင်းလျက်ရှိသည်။
ြ

ပြည်သူ့စွမ်းအားရှင်အဖွဲ့ထဲဝင်ရောက်ရန် လွန်ခဲ့သော ၃ နှစ်က မိုင်းယန်းမြို့အာဏာပိုင်တို့ စည်းရုံးသိမ်းသွင်းခဲ့သော် လည်း မည်သူမျှမလုပ်ကြောင်း၊ ပြည်သူ့စွမ်းအားရှင်ဆိုသူများသည် မိုင်းယန်းတွင်လာရောက်နေထိုင်သော ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်ဗမာများသာ ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ကြံ့ဖွံ့ပါတီ EC များကလည်း မေ ၂၆ ရက်၌ မိုင်းယန်းမြို့ ၁၁ ရပ်ကွက်မှ သျှမ်း၊ လားဟူ၊ ၀၊ အခါ စသည့် တိုင်းရင်းသားပေါင်းစုံအား ပါတီဝင်အဖြစ်သိမ်းသွင်းရန် လိုက်လံစာရင်းကောက်စုဆောင်းလျက်ရှိသည်။
လိုက်လံစည်းရုံးသိမ်းသွင်းနေကြသည့် ကြံ့ဖွံ့ပါတီ EC များမှာ ပါမိုင်ရပ်ကွက်နေ လားဟူအမျိုးသား ဦးစောဝေး (၅၀ နှစ်)၊ စိုင်းမွန်း (၅၀ နှစ်)၊ ဈေးတန်းရပ်ကွက်နေ၊ အနာကြီးရောဂါကုဆရာဝန်ဇော်ဝင်းထွဋ် (၅၀ နှစ်)နှင့်အ၀တ်အထည် ဆိုင်ပိုင်ရှင် စိုင်းဆန်ဆမ် ( ၅၀ နှစ်)တို့ဖြစ်ကြသည်။
ပါတီဝင်အဖြစ်လက်ခံသော ရပ်ကွက်သူရပ်ကွက်သားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ အချို့ ကာယကံရှင်မသိဘဲ နာမည်များကောက်ယူသွားကြောင်းလည်းရှိသည်ဟု သိရှိရသည်။
မိုင်းယန်းမြို့တွင် မည်သည့်တိုင်းရင်းသားပါတီမှ လာရောက်စည်းရုံးမဲဆွယ်ခြင်းမရှိသေးဘဲ ကြံ့ဖွံ့ပါတီတစ်ခုတည်း သာစတင်စည်းရုံးမဲဆွယ်လှုပ်ရှားလာသည်ဟုဆိုသည်။
No comments:
Post a Comment