အခု  တစ်ပတ် အတွင်း အက်ဖ်အီးစီ ၂၀ တန်၊ ၅၀ တန် တစ်ခါသုံး ငွေကြိုပေး ဖုန်းကတ်တွေ  ရောင်းအား ထက်ဝက်ခန့် ကျဆင်း သွားတာဟာ ကတ်ဝယ်ရင် မှတ်ပုံတင် မိတ္တူပေး ရမယ်  ဆိုတဲ့ ပုံစံ သစ်ကြောင့်လို့ ဆိုပါတယ်။ “ Prepaid Card ဈေးကွက် ကတော့  သိသိ သာသာကို အေးနေတယ်၊ ထက်ဝက် လောက်ကို ကျတယ်၊ လာဝယ်တဲ့ သူတွေက မှတ်ပုံ  တင်မိတ္တူ အဆင်သင့် ပါမလာကြ တာလဲ ပါတယ် ” ဟု ရွှေဂုံတိုင် မစ္စတာဖုန်း  တယ်လီကွန်မှ မန်နေဂျာ  ဒေါ်မြတ်သီရိခိုင် က သူ့ အတွေ့ အကြုံ ပြောပါတယ်။ ကတ်  ဝယ်ချင်သူတွေ အနေနဲ့ မှတ်ပုံတင် မိတ္တူ ပေးခဲ့ ရမယ့် စနစ်ကို စင်ထရယ်  မားကတ်တင်းက ယခု လဆန်းပိုင်းမှာ စတင် သတ်မှတ် လိုက်တယ်လို့ သိရတယ်။  တစ်ခါသုံး ငွေကြိုပေးကတ် တွေဟာ အကြောင်း ကိစ္စ တစ်ခုခု ဆိုရင် ပိုင်ရှင်  ဘယ်သူလဲ စုံစမ်းရ ခက်တာကြောင့် မှတ်ပုံတင် မိတ္တူ တောင်းရ တာလို့ ဆိုပါတယ်။  လက်ရှိ အချိန် အထိ မှတ်ပုံတင် မိတ္တူ ပေးရမယ် ဆိုတာ မသိသေးတဲ့ သူတွေ ရှိနေဆဲ  ဖြစ်ပြီး ဆိုင်ရောက်လို့ မှတ်ပုံတင် မိတ္တူ အတောင်းခံရတဲ့ အခါ ကျေနပ်တဲ့  သူတွေ ရှိသလို၊ မကျေနပ်တဲ့ သူတွေလည်း ရှိတယ်လို့ သိရတယ်။ ဆိုင်တွေဘက် ကလည်း  မတောင်းလို့ မရတဲ့ အခြေ အနေကြောင့် နားလည်အောင် ရှင်းပြ နေရတယ်လို့  ဆိုကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ  ထားသည်။Sunday, 6 June 2010
တစ်ခါသုံး ဖုန်းကတ် ရောင်းအားကျ
အခု  တစ်ပတ် အတွင်း အက်ဖ်အီးစီ ၂၀ တန်၊ ၅၀ တန် တစ်ခါသုံး ငွေကြိုပေး ဖုန်းကတ်တွေ  ရောင်းအား ထက်ဝက်ခန့် ကျဆင်း သွားတာဟာ ကတ်ဝယ်ရင် မှတ်ပုံတင် မိတ္တူပေး ရမယ်  ဆိုတဲ့ ပုံစံ သစ်ကြောင့်လို့ ဆိုပါတယ်။ “ Prepaid Card ဈေးကွက် ကတော့  သိသိ သာသာကို အေးနေတယ်၊ ထက်ဝက် လောက်ကို ကျတယ်၊ လာဝယ်တဲ့ သူတွေက မှတ်ပုံ  တင်မိတ္တူ အဆင်သင့် ပါမလာကြ တာလဲ ပါတယ် ” ဟု ရွှေဂုံတိုင် မစ္စတာဖုန်း  တယ်လီကွန်မှ မန်နေဂျာ  ဒေါ်မြတ်သီရိခိုင် က သူ့ အတွေ့ အကြုံ ပြောပါတယ်။ ကတ်  ဝယ်ချင်သူတွေ အနေနဲ့ မှတ်ပုံတင် မိတ္တူ ပေးခဲ့ ရမယ့် စနစ်ကို စင်ထရယ်  မားကတ်တင်းက ယခု လဆန်းပိုင်းမှာ စတင် သတ်မှတ် လိုက်တယ်လို့ သိရတယ်။  တစ်ခါသုံး ငွေကြိုပေးကတ် တွေဟာ အကြောင်း ကိစ္စ တစ်ခုခု ဆိုရင် ပိုင်ရှင်  ဘယ်သူလဲ စုံစမ်းရ ခက်တာကြောင့် မှတ်ပုံတင် မိတ္တူ တောင်းရ တာလို့ ဆိုပါတယ်။  လက်ရှိ အချိန် အထိ မှတ်ပုံတင် မိတ္တူ ပေးရမယ် ဆိုတာ မသိသေးတဲ့ သူတွေ ရှိနေဆဲ  ဖြစ်ပြီး ဆိုင်ရောက်လို့ မှတ်ပုံတင် မိတ္တူ အတောင်းခံရတဲ့ အခါ ကျေနပ်တဲ့  သူတွေ ရှိသလို၊ မကျေနပ်တဲ့ သူတွေလည်း ရှိတယ်လို့ သိရတယ်။ ဆိုင်တွေဘက် ကလည်း  မတောင်းလို့ မရတဲ့ အခြေ အနေကြောင့် နားလည်အောင် ရှင်းပြ နေရတယ်လို့  ဆိုကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ  ထားသည်။
Labels:
ဟံသာဝတီသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment