နှစ်စဉ်  ရေနည်း ပါးသည့် ရာသီ ရောက်တိုင်း ယာယီ ရပ်နား ရတတ်သည့် ရေကြောင်း ခရီးစဉ်  များကို ယခင်နှစ် များထက် မြစ်ရေ နည်းမှု ပိုကြုံရ သောကြောင့် ရေကြောင်း  ကျပ်ခြင်း၊ သောင်တင်ခြင်း များကြောင့်  ယခု နှစ်တွင် ပိုမို စောစီးစွာ  ရပ်နား ခဲ့ရကြောင်း သိရှိရ ပါသည်။ သို့သော် ယခု အခါတွင် မြန်မာနိုင်ငံ  မြောက်ပိုင်း ဒေသ များတွင် မိုးများ ရွာသွန်းပြီး ဧရာဝတီမြစ် နှင့်  ချင်းတွင်း မြစ်တို့တွင် မြစ်ရေများ မြင့်တက် လာမှုကြောင့် ယာယီ ရပ်ဆိုင်း  ထားသော ရေကြောင်း ခရီးစဉ် များကို ပြန်လည် ပြေးဆွဲ နိုင်ပြီ ဖြစ်ကြောင်း  သိရ ပါသည်။ ရပ်နား ခဲ့ရသော ချင်းတွင်းမြစ် ရေကြောင်း ခရီးစဉ်များ ထဲမှ  ဟုမ္မလင်း - ခန္တီး ခရီးစဉ်ကို မေလ နောက်ဆုံးပတ် နှင့် မုံရွာ - ဟုမ္မလင်း၊  မုံရွာ - ကလေးဝ ခရီးစဉ် များကို ဇွန်လဆန်းပိုင်း မှ စတင်ပြီး ပြန်လည်  ပြေးဆွဲ နေပြီ ဖြစ်သည်။ ဧရာဝတီ မြစ်ကြောင်း လမ်းတွင် မြစ်ရေ နည်းပါး  မှုကြောင့် ဗန်းမော် သင်္ဘောဆိပ် ကို တပ်ကလေး ဆိပ်မှ ကမ်းပါးနီ ဆိပ်သို့  ရွှေ့ပြောင်းခဲ့ ရရာ ယခုအခါ တပ်ကလေး ဆိပ်တွင် ပြန်လည် ဆိုက်ကပ် နိုင်ပြီဟု  သိရ ပါသည်။
Sunday, 6 June 2010
ရပ်နားရေကြောင်း ခရီးများ မြစ်ရေများ ပြန်လည် မြင့်တက် မှုကြောင့် ပြန်လည် ပြေးဆွဲ
နှစ်စဉ်  ရေနည်း ပါးသည့် ရာသီ ရောက်တိုင်း ယာယီ ရပ်နား ရတတ်သည့် ရေကြောင်း ခရီးစဉ်  များကို ယခင်နှစ် များထက် မြစ်ရေ နည်းမှု ပိုကြုံရ သောကြောင့် ရေကြောင်း  ကျပ်ခြင်း၊ သောင်တင်ခြင်း များကြောင့်  ယခု နှစ်တွင် ပိုမို စောစီးစွာ  ရပ်နား ခဲ့ရကြောင်း သိရှိရ ပါသည်။ သို့သော် ယခု အခါတွင် မြန်မာနိုင်ငံ  မြောက်ပိုင်း ဒေသ များတွင် မိုးများ ရွာသွန်းပြီး ဧရာဝတီမြစ် နှင့်  ချင်းတွင်း မြစ်တို့တွင် မြစ်ရေများ မြင့်တက် လာမှုကြောင့် ယာယီ ရပ်ဆိုင်း  ထားသော ရေကြောင်း ခရီးစဉ် များကို ပြန်လည် ပြေးဆွဲ နိုင်ပြီ ဖြစ်ကြောင်း  သိရ ပါသည်။ ရပ်နား ခဲ့ရသော ချင်းတွင်းမြစ် ရေကြောင်း ခရီးစဉ်များ ထဲမှ  ဟုမ္မလင်း - ခန္တီး ခရီးစဉ်ကို မေလ နောက်ဆုံးပတ် နှင့် မုံရွာ - ဟုမ္မလင်း၊  မုံရွာ - ကလေးဝ ခရီးစဉ် များကို ဇွန်လဆန်းပိုင်း မှ စတင်ပြီး ပြန်လည်  ပြေးဆွဲ နေပြီ ဖြစ်သည်။ ဧရာဝတီ မြစ်ကြောင်း လမ်းတွင် မြစ်ရေ နည်းပါး  မှုကြောင့် ဗန်းမော် သင်္ဘောဆိပ် ကို တပ်ကလေး ဆိပ်မှ ကမ်းပါးနီ ဆိပ်သို့  ရွှေ့ပြောင်းခဲ့ ရရာ ယခုအခါ တပ်ကလေး ဆိပ်တွင် ပြန်လည် ဆိုက်ကပ် နိုင်ပြီဟု  သိရ ပါသည်။
Labels:
ဟံသာဝတီသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment