
အဆိုပါ နော်ဝေ ၀န်ကြီးသည် မြန်မာ နိုင်ငံသို့ မလာရောက်မီ နိုင်ငံတကာ မီဒီယာများကို ပြောကြားရာ၌ မြန်မာ့ အရေးကို Sanction ခေါ် ပိတ်ဆို့ အရေးယူမှု တစ်ခုတည်းဖြင့် အလုပ်မဖြစ် နိုင်ကြောင်း နှင့် တွေ့ဆုံ ဆွေးနွေး အဖြေ ရှာရန် လိုအပ်ကြောင်းလည်း ပြောကြား ခဲ့သည်။ Mr.Solheim သည် ယခု အကြိမ်မှာ မြန်မာ နိုင်ငံသို့ ဒုတိယ အကြိမ် လာရောက်ခြင်း ဖြစ်ပြီး ၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ အပြီး ကလည်း မြန်မာ နိုင်ငံသို့ လာရောက် ခဲ့သေးသည်။ နော်ဝေနိုင်ငံ အနေနဲ့ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများရဲ့ ဘေးဒုက္ခကို အထူး စာနာပါတယ်။ ရွာသူ ရွာသားတွေ စားဝတ် နေရေး အတွက် အစွမ်းကုန် ဖြည့်ဆည်း ပေးမှာပါ ဟု ယင်း ခရီးစဉ်၌ ရွာသားများ နှင့် တွေ့ဆုံစဉ် နော်ဝေ ၀န်ကြီးက ပြောကြား ခဲ့သည် ဟုလည်း UNDP က ပေးပို့သည့် သတင်းတွင် ဖော်ပြထားသည်။ နော်ဝေ နိုင်ငံသည် နာဂစ်မုန်တိုင်း ကာလ အပြီး မြန်မာ နိုင်ငံသို့ လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီငွေ အမေရိကန် ဒေါ်လာသန်း ၅၀ နီးပါး ပေးအပ်ခဲ့သည် ဟုလည်း နော်ဝေ နိုင်ငံမှ ထုတ်ပြန်သော သတင်းများတွင် ဖော်ပြ ပါရှိသည်။
No comments:
Post a Comment