Pages

Subscribe

Monday 14 June 2010

နိုင်ငံရေး ပါတီ လေးခုသာ တည်ထောင်ခွင့် ချပေးရန် ကျန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ တည်ထောင်ခွင့် လျှောက်ထား သော နိုင်ငံရေး ပါတီသစ် ၃၇ ပါတီတွင် တည်ထောင်ခွင့် ချပေးရန် နိုင်ငံရေး ပါတီ လေးခုသာ ကျန်ရှိ တော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၈ ရက်နေ့ အထိ ထုတ်ပြန် ထားသော စာရင်းများ အရ သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ နိုင်ငံရေး ပါတီ ငါးခု က မှတ်ပုံ တင်ခွင့် ပြန်လည် လျှောက်ထား ခဲ့ပြီး၊ နိုင်ငံရေး ပါတီသစ် ၃၇ ပါတီ ကလည်း တည်ထောင်ခွင့် လျှောက်ထား ခဲ့ရာ ဇွန်လ ၈ ရက်နေ့ အထိ စုစုပေါင်း နိုင်ငံရေး ပါတီ ၄၂ ပါတီက တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လျှောက်ထား ခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ဇွန်လ ၈ ရက်နေ့ အထိ စာရင်းများ အရ အဆိုပါ ပါတီ များမှ မှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ၃၃ ပါတီတွင် ၃၂ ပါတီကို မှတ်ပုံ တင်ခွင့်ပြုခဲ့ပြီး ဖြစ်ရာ မှတ်ပုံ တင်ခွင့် ချထားပေးရန် တစ်ပါတီသာ ကျန်ရှိပြီး တည်ထောင်ခွင့် လျောက်ထား သော ပါတီသစ် ၃၇ ပါတီ တွင် တည်ထောင်ခွင့် ချထား ပေးရန် လေး ပါတီသာ ကျန်ရှိကြောင်း တွေ့ရသည်။ ပါတီသစ် ၃၇ ပါတီတွင် ၃၂ ပါတီကို တည်ထောင်ခွင့် ချထား ပေးပြီး ဖြစ်သော်လည်း နိုင်ငံရေး ပါတီ ငါးခုမှာ ပါတီ မှတ်ပုံ တင်ခွင့် လျှောက်ထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

No comments:

Post a Comment