Pages

Subscribe

Monday 14 June 2010

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) မန္တလေး နှင့် ရန်ကုန်တိုင်း တို့တွင် ရုံးခွဲများ ဖွင့်မည်

၂ဝ၁ဝ ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီသစ် တစ်ခု ဖြစ်သော ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တောင်ပြင် ရပ်ကွက်တွင် အခြေပြုကာ မန္တလေးတိုင်း ရုံးခွဲ နှင့် ရန်ကုန်တိုင်း ရုံးခွဲ များကို ဇွန်လ အတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးဘိုမောင်က ပြောကြားသည်။
''ရုံးချုပ်ကို ဒီပဲယင်း မှာပဲ ထားမယ်။ ဒီလ ၈ ရက်နေ့က ပါတီ ဆိုင်းဘုတ် တင်ပြီးပြီ။ အဲဒီနေ့မှာပဲ ပါတီဝင်ကြေး မယူဘဲ အဖွဲ့ဝင် လျှောက်လွှာကို လက်ခံ ရရှိပါတယ်။ တစ်ပြည်လုံး အတိုင်း အတာနဲ့ လုပ်ဖို့ ရှိပါတယ်'' ဟု ၄င်းက ဆိုသည်။ ယင်းသို့ ရုံးခွဲများ ဖွင့်ရာတွင် ယခုလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်း ရုံးခွဲကို ဖွင့်လှစ်ကာ ဆိုင်းဘုတ် တင်ခြင်း ပြုလုပ်မည် ဖြစ်ကြောင်း၊ ထို့နောက် ချင်းပြည်နယ်သို့ သွားကာ ပါတီဝင် သစ်များ ရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ထို့နောက်မှ ရန်ကုန်တိုင်း ရုံးခွဲကို ဇွန်လကုန် ပိုင်းတွင် ဆက်လက် ဖွင့်လှစ်ရန် ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ပါတီသည် ပါတီတည် ထောင်ခွင့် ကို ယခုနှစ် မေလ ၃ ရက်နေ့တွင် လျှောက်ထား ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၆ ရက်နေ့ တွင် ခွင့်ပြု ခဲ့ကြောင်း၊ မှတ်ပုံ တင်ခွင့် လျှောက်ထား ခြင်းကို ၁၇ ရက်နေ့ တွင် ဆောင်ရွက် ခဲ့ပြီး မှတ်ပုံတင် ခွင့်ပြုချက်ကို ၂၆ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၆) ဖြင့် ရရှိခဲ့ကြောင်း ယင်း ပါတီထံမှ သိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။

No comments:

Post a Comment