Pages

Subscribe

Monday 5 July 2010

ရွှေးကောက်ပွဲ သတင်းများကို ပုံနှိပ် ဖေါ်ပြမည့် ဂျာနယ်သစ် သုံးစောင် ဇူလိုင်တွင် ထွက်ရှိမည်

ဇူလိုင် တလတည်း အတွင်း ရွှေးကောက်ပွဲ သတင်းနှင့် နိုင်ငံတကာ သတင်းများကို ဖေါ်ပြမည့် ဂျာနယ် အသစ် သုံးစောင် ထွက်ရှိ လာမည်ဟု သတင်း ရရှိသည်။

အဆိုပါ ဂျာနယ် အသစ် သုံးစောင်မှာ Hot News၊ မော်ဒန်တိုင်းမ် ဂျာနယ်နှင့် ပြည်သူ့ ခေတ်ဂျာနယ်တို့ ဖြစ်ကြသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဆရာဦးမောင်ဝံသမှ ဦးစီးမည် ဖြစ်ပြီး ဇူလိုင်လ ပထမပတ်တွင် ထုတ်ဝေမည် ဖြစ်သည်။ ပြည်တွင်း ပြည်ပ နိုင်ငံရေး သတင်းများအပြင် ရွှေးကောက်ပွဲနှင့် ဆက်စပ် သတင်းများ၊ နောက်ဆုံးရ သတင်းများကို ထည့်သွင်း ဖေါ်ပြသွားမည်ဟု သိရသည်။

Hot News ဂျာနယ်ကို ဇူလိုင် တတိယပတ်တွင် ထုတ်ဝေမည် ဖြစ်ရာ အဆိုပါ ဂျာနယ်တွင်လည်း နိုင်ငံရေး သတင်းများနှင့် ပြည်သူများ စိတ်ဝင်စားမည့် သတင်းများကို ထည့်သွင်းဖေါ်ပြသွားမည်ဟု သိရသည်။

Hot News ဂျာနယ် အယ်ဒ်ီတာ ချုပ်မှာ ဦးစောလင်းအောင် ဖြစ်ပြီး ယခုလနောက် အတွင်း ပြည်သူများ လက်ဝယ်သို့ ရောက်မည်ဟု ဆိုသည်။

ယခုထုတ်ဝေမည်း ဂျာနယ် သုံးစောင် အပါအ၀င် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် ပြုထားသော ဂျာနယ်မျိုးစုံ ၁၅၆ မျိုးရှိပြီး ထိုအထဲမှ ဂျာနယ် နှစ်စောင်သာ အကြောင်း အမျိုးမျိုးကြောင့် ထုတ်ဝေခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် အင်္ဂလိပ်ခေတ်နှင့် ဦးနု ဖဆပလ ခေတ်ထိ သတင်းစာ ဂျာနယ်များ ထုတ်ဝေခဲ့သော်လည်း ယခုအချိန်ထိ ပုဂ္ဂလိကပိုင် ဂျာနယ်နှင့် သတင်းစာများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment