Pages

Subscribe

Monday 5 July 2010

နေပြည်တော်တွင် မကွေး FC ဗိုင်းရပ်စ် ပျံ့နှံ့

နေပြည်တော်ရှိ အစိုးရဌာနများနှင့် ကုမ္ပဏီများ၏ ကွန်ပျူတာများတွင် “မကွေး FC” ခေါ် ဗိုင်းရပ်စ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပျံ့နှံ့ နေကြောင်း သိရသည်။

နေပြည်တော် အစိုးရ ဌာနများရှိ အင်တာနက်နှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာများသာမက Memory Stick များမှတဆင့် တခြား ကွန်ပျူတာများသို့လည်း မကွေး FC ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေကြောင်း နည်းပညာရှင်တဦးက ပြောသည်။

နေပြည်တော်အခြေစိုက် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက “ကွန်ပျူတာလည်း ဖွင့်ရော Start Menu မှာ မကွေး FC ဆိုပြီး ပေါ်နေတယ်။ စက်ထဲက ရှိသမျှဖိုင်တွေ၊ သွင်းထားသမျှ ပရိုဂရမ်တွေ အကုန် Empty ဖြစ်ကုန်တယ်။ စက်ကို ဘယ်လိုမှ ပြန်လုပ်လို့မရတော့ ဆိုင်ပို့ပြီး Window အသစ် တင်ရတော့မယ်” ဟု ပြောသည်။

ယင်းဗိုင်းရပ်စ်ကို မည်သူက ရေးသားသည်ကို မသိရကြောင်း၊ ဗိုင်းရပ်စ်ဝင်သွားပါက ဖိုင်များ ပျက်စီးကုန်ပြီး Start Menu နေရာတွင် မကွေး FC ဆိုသည့် စာတမ်းကိုသာ တွေ့ရကြောင်း မြန်မာ နည်းပညာ ဝက်ဘ်ဆိုက်များတွင် ရေးသားဆွေးနွေးထားကြသည်။

မကွေး FC မှာ မြန်မာ နေရှင်နယ် လိဂ် ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်း ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသော ဘောလုံးအသင်း၏ အမည်ဖြစ်သည်။

ကွန်ပျူတာ နည်းပညာရှင်တဦးက “ဒီလို ဗိုင်းရပ်စ်ဝင်တာက အီးမေးလ်မှာ ကိုယ်မသိတဲ့ .zip ဖိုင်တို့၊ .rar ဖိုင်တို့၊ .exe ဖိုင်တို့ကို အရမ်းသွားဖွင့်လို့ ဖြစ်တာပါ။ အခု မကွေး FC က .exe ဖိုင်ပါ” ဟု ရှင်းပြသည်။

မကွေး FC ဗိုင်းရပ်စ်ကို ဖယ်ရှားရန် ပရိုဂရမ်တခုကို Myanmar Chat Online (http://www.myanmarchatonline.org/fil...rusRemoval.exe) တွင် ရယူနိုင်ကြောင်း သိရသည်။

မြန်မာ ကွန်ပျူတာ ပညာရှင် လူငယ်များ၊ ဟက်ကာများ ရေးသည့် ဗိုင်းရပ်စ်များ ၁၉၉၄ ခုနှစ်မှ စ၍ ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ဝင်းနိုင် ဗိုင်းရပ်စ်၊ သရက်မြို့ ဗိုင်းရပ်စ်၊ “ချစ်လား” “မချစ်ဘူးလား” မေးရာတွင် မချစ်ဘူးဟု ကလစ်နှိပ်မိပါက စက်ပိတ်သွားတတ်သည့် I Love You ဗိုင်းရပ်စ်နှင့် လွိုင်ကော် ဗိုင်းရပ်စ်တို့ ဒုက္ခပေးခဲ့ဖူးကြောင်း မြန်မာ ကွန်ပျူတာ ပညာရှင်များ၏ အွန်လိုင်း ဆွေးနွေးချက်များအရ သိရသည်။

ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။

No comments:

Post a Comment