Pages

Subscribe

Thursday 24 June 2010

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ များအား တည်ဆဲ ဥပဒေများ လိုက်နာရန် သတိပေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ များသို့ ပထမဆုံး အကြိမ် အဖြစ် အချက် ၆ ချက်ပါ ထုတ်ပြန်ချက် တစ်စောင်ကို ယခုလ ဒုတိယပတ် အတွင်းက နိုင်ငံရေး ပါတီ များထံ ပေးပို့ လိုက်သည်။ “ ဒီအထဲက အချက် တွေက နည်းဥပဒေ၊ ဥပဒေ ထဲမှာ ပါပြီးသားပါ။ ထူးခြားချက် တစ်ခုပဲ ပါပါတယ်။ အဲဒါ ကတော့ ပါတီဆိုင်းဘုတ် အလံတွေကို မိမိတို့ ပါတီရုံး တွေမှာသာ လွှင့်တင် စိုက်ထူဖို့ ဆိုတာပါ။ဒါက ကော်မရှင် ကနေ ပါတီ တွေကို ပေးပို့တဲ့ ပထမဆုံး ထုတ်ပြန်ချက်ပဲ ” ဟု ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ဒေါ်နန်းရွှေကြာက ပြောသည်။ နိုင်ငံရေး ပါတီ များ အားလုံး သည် ပါတီ အဖြစ် မှတ်ပုံတ င်ခွင့် ရရှိပြီးပါက ပါတီဝင် အင်အား စည်းရုံးခြင်း၊ ပါတီ အသိ အမှတ် ပြုလွှာ ထုတ်ပေးခြင်း၊ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေး ကောက်ခံခြင်း နှင့် စည်းရုံး ရရှိသည့် ပါတီဝင် အင်အား ကို သတ်မှတ် ထားသော ရက် ၉၀ အတွင်း ကော်မရှင်သို့ တင်ပြရန်၊ နိုင်ငံရေး ပါတီ များမှ ပြဋ္ဌာန်းသည့် အခြား တည်ဆဲ ဥပဒေ၊ နည်း ဥပဒေ တို့ကို လိုက်နာရန် ပါတီရုံး နှင့် ရုံးခွဲများ ဖွင့်မည် ဆိုပါက အစိုးရပိုင် အဆောက် အအုံ၊ နိုင်ငံ ဝန်ထမ်းပိုင် အဆောက် အအုံနှင့် သာသနာရေး ဆိုင်ရာ အဆောက် အအုံ များတွင် ဖွင့်လှစ်ခြင်း မပြုရန်၊ ပါတီ ဆိုင်းဘုတ် အလံ တို့ကို နိုင်ငံရေး ပါတီ များ၏ ဆိုင်းဘုတ်ကို ဌာနချုပ်၊ တိုင်း/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် ပါတီရုံးများတွင်သာ တင်ရန် နှင့် နိုင်ငံရေး ပါတီ များ၏ အလံကို နိုင်ငံရေး ပါတီများ ၏ ရုံးများ၌သာ လွှင့်ထူရန်၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း နည်းဥပဒေ (၁၅)ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ် နှင့် ညိစွန်းကြောင်း ကော်မရှင်က တွေ့ရှိပါက မှတ်ပုံ တင်ခွင့် ပြုခဲ့ ခြင်းကို ပယ်ဖျက်မည် စသည်တို့ ပါရှိသည်။ ထို ထုတ်ပြန် ချက်နှင့် ပတ်သက်၍ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က “မှတ်ပုံတင် လျှောက်ဖို့ တစ်ခါ၊ မှတ်ပုံ တင်ခွင့် ပြုတော့ တစ်ခါ ကော်မရှင်က စာပို့ဖူး ပါတယ်။ ကော်မရှင်က ဒါမျိုး ထုတ်ပြန် တာတော့ ပထမဆုံးပါ။ အခုဟာက ပါတီတွေကို သတိပေးတဲ့ အနေနဲ့ ထုတ်ပြန်တယ်လို့ ထင်ပါတယ် ” ဟု သုံးသပ် သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မတ်လ ၁၁ ရက်က ၁၇ ဦး အဖွဲ့ဖြင့် ဖွဲ့စည်း ခဲ့ပြီး နောက်ပိုင်း တိုင်း နှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် များကိုလည်း အဆင့်ဆင့် ဆက်လက် ဖွဲ့စည်း ခဲ့သည်။ ကော်မရှင်သို့ ယခုလ ၁၈ ရက်အထိ နိုင်ငံရေး ပါတီ တည်ထောင် ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ခုရှိပြီး မှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၃၅ ခု အနက် ၃၃ ပါတီ ကို ခွင့်ပြုပြီး ဖြစ်သည်ဟု 7 Day ဂျာနယ် တွင် ဖော်ပြထား ပါသည်။

No comments:

Post a Comment