Pages

Subscribe

Thursday 24 June 2010

ပထမဆုံး ရွေးကောက်ပွဲကန့်ကွက်စာများ ကချင်ပြည်နယ်တွင်ကပ်

ပထမဦးဆုံး မြန်မာစစ်အစိုး၏ ၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ်တွင် ဇွန်လ ၁၉ ရက် ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ကပ်ခဲ့သည်။

ရွေးကောက်ပွဲကန့်ကွက်သည့် A-4 စာရွက်များကို အဓိမြစ်ကြီးဖြစ်သည့် မြစ်ကြီးနား၊ ဗန်မော်၊ ဝိုင်းမော်မြို့များတွင် ကပ်ခဲ့ပြီး စာရွက်တွင် “၂၀၁၀ ရွေးကောက်ပွဲ” ဟု ရေးထားသည့်စာတွင် “ကြက်ခြေခက်” ထားပါသည်။
062210-vote-no

၂၀၀၈ တွင် မတရားအတည်ပြုခဲ့တဲ့ အခြေခံဥပဒေ ကိုလည်း ကချင်ကျောင်းသားများက ပိုစတာများကပ်၍ ကန့်ကွက်ခဲ့ပါသည်။ ဓါတ်ပုံ - ကချင်သတင်းဌာန


“လမ်းဘေးက လူများများ မြင်နိုင်တဲ့ မီးတိုင်တို့၊ တံတားထိပ်မှာတို့ လူများစုဝေးတဲ့နေရာတွေမှာ လိုက်ကပ်တာပါ” ဟု ၎င်းစာရွက်ကပ်သူ မြစ်ကြီးနားဒေသခံတဦး ပြောသည်။

ယင်း ရွေးကောက်ပွဲကန့်ကွက် စာရွက်များကို မကြာခင်မှာပင် အာဏာပိုင်များ အမိန့်ဖြင့် ရဲ၊ မီးတပ်ဌာနက လိုက်လံ ခွာယူလိုက်ခြင်းဖြစ်သည်။

၁၉၉၀ခုနှစ် အထွေထွေပါတီစုံ ရွေးကောက်ပွဲကြီးအား အသိအမှတ်မပြုပေးသည့်အပင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း တိုင်းရင်းသားပြည်သူလူထု အခွင့်အရေးမပါရှိပဲ စစ်အစိုးရအတွက်သာ သီးသန့်ဖွဲ့စည်း ထားသည့် ဥပဒေဖြစ်သည့်အတွက်ကြောင့် ၎င်းရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်သည်ဟု လှုရှားမှုဦးဆောင်သူတဦး ပြောသည်။

ယခင်ဆန္ဒပြ၊ ကန့်ကွက်မှုများသည် ကျောင်းသားလူငယ်များနှင့် အခြားအဖွဲ့အစည်းများမှသာ လုပ်ဆောင်သွားလေ့ရှိပြီး ယခုလှုပ်ရှားမှုကို မည်သည့်အဖွဲ့အစည်းမှပြုလုပ်ခြင်းမဟုတ်ပဲ ဒေသခံပြည်သူများမှ ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာပဲဖြစ်ဖြစ် ကချင်ပြည်နယ်မှ ပြည်သူလူထုအများပိုင်းက စိတ်ထဲရှိတာတွေကို အချိန်ရှိတိုင်း မကြိုက်ရင် မကြိုက်ကြောင်း အခွင့်ရတိုင်း လုပ်ဆောင်သွားမယ်” ဟု လှုပ်ရှားရေးဦးဆောင်သူက ဆက်ဆိုသည်။

၁၉၈၈ ဒီမိုကရေစီတောင်းဆိုမှု အရေးတော်ပုံကြီးမှ မွေးဖွားပေးလိုက်သည့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၉၃ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မဲဆန္ဒနယ်မြေ ၄၈၅ ရှိသည့် အနက် NLD အဖွဲ့ချုပ်သည် ၃၉၆ နေရာ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရမှ အသိအမှတ် မပြုခဲ့ပါ။

အခုလို ကန့်ကွက်လုပ်ဆောင်နေခြင်းကို နည်းအမျိုးမျိုးဖြင့် ဘခုံးလွဲပြောင်း ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းနဲ့ တစ်နေ့မဟုတ်တစ်နေ့ အောင်မြင်မည်ဟု ယုံကြည်လျက် ကချင်လူထုမှ ဒီနှစ်ကုန် ကျင်းပမည့် ရွေးကောက်ပွဲအား ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများပြောနေပါသည်။

No comments:

Post a Comment