မြန်မာစစ်အစိုး၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDA) သည် ဒီနှစ်မကုန်မီ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒီလအစောပိုင်းမှစ၍ ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် တိတ်တဆိတ် လူထုစည်းရုံးရေးဆင်းနေပါသည်။
၄၈ ရပ်ကွက်ရှိသည့် ဝိုင်းမော်မြို့နယ်တွင် USDP ပါတီသည် ရပ်ကွက်လူကြီးများနှင့် ရပ်ကွက်မှ လူအများ လေးစားထားသည့် ပုဂ္ဂိုလ်များကို အဓိကရွေးချယ်ပြီး ၎င်းတို့ ပါတီဝင်ကြရန် တိတ်တဆိတ် စည်းရုံးရေးများ လုပ်ဆောင်နေသည်။
“လူအခြေအနေကိုကြည့်သေးတယ်၊ လူရွေးတာပေါ့၊ သူတို့ယုံကြည်ရတဲ့ လူတွေကို ရွေးတယ်” ဟု ဝိုင်းမော်မှ ကချင်ခရစ်ယာန် ဓမ္မဆရာတစ်ဦးပြောပြသည်။
ဒေသခံရွာသားများအားလည်း USDP ပါတီအဖွဲ့ဝင်အဖြင့် မတရား နာမည်စရင်းကောက်ခံနေကြောင်းကို “ရိုးရိုးဒေသခံတွေကို စည်းရုံးရေးမှ ဆင်းစရာမလိုတော့တာ၊ ရွာသားတွေအားလုံး ကြံခိုင်ရေးအဖွဲ့ဖြစ်တယ်လို့ ဌက္ကဋ္ဌတွေ တစ်ခါတည်းလုပ်လိုက်တာ” လို့လည်း ၎င်းဆရာမှ ဆက်ပြောသည်။
ဒေသခံ ခရစ်ယာန် ဓမ္မဆရာများကိုလည်း ကြံ့ခိုင်ရေးပါတီဝင်ရန် စည်းရုံးနေသည်။ ၎င်းဆရာများက သူတို့သည် ဘာသာရေးဆရာများသာဖြစ်၍ နိုင်ငံရေးတွင် ဝင်မပါသင့်ဟု ပြောသော်လည်း ပါတီဝင်ခေါင်းဆောင်များမှ အတင်းအဓမ္မနာမည်များထည့်ပေးထားသည်ဟုလည်း ဆိုပါသည်။
တစ်ချို့လူတွေက မိမိကိုယ်ကို ကြံ့ခိုင်ရေးစာရင်းဝင်မှန်း မသိသူတွေ အများကြီးရှိနေပါသည်။
တချိန်ထဲမှာပင် USDP ပါတီသည် ကချင်ပြည်နယ်၏ အဓိက အရေးပါသည့်မြို့များတွင်လည်း CDMA လက်ကိုင်ဖုန်းနှင့် ကြိုးဖုန်းများကို လူထုအား အလွယ်တကူချပေးသည့် စနစ်ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေပါသည်။
ယခုချိန် ကချင်ပြည်နယ်တွင် ယင်း USDP ပါတီတစ်ခုတည်းသာ ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးများ အင်တိုက်အားတိုက်ပြုလုပ်နေသော်လည်း စစ်အစိုးရသည် ယနေ့ထိ ကချင်နိုင်ငံရေးပါတီ တစ်ခုမှ ပါတီတည်ထောင်ခွင့် မပြုသေးပါဘူး။
USDA ပြီးလျှင် ကချင်ပြည်နယ်တွင် အကြီးဆုံးပါတီဖြစ်နိုင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဟာ ၎င်း၏ပါတီ တရားဝင်ဖြစ်လာရေး လျှောက်ထားချက်ပေါ် ဆက်လက်စောင့်ဆိုင်းပေးရန် ကော်မရှင်၏ ဒုတိယအကြိမ် ပြန်ကြားခြင်းခံရနေပါသည်။
Thursday 24 June 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment