
ဇူလိုင် ၁၂ ရက်တွင် ကမ္ဘာသည် နေနှင့် အဝေးဆုံးကို ရောက်ရှိမည် ဖြစ်သောကြောင့် နေ အပြည့် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်မည်။ အဆိုပါ နေကြတ်မှုကို နိုင်ငံ အများစုမှ မြင်တွေ့ရမည် ဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တွေ့ရှိ နိုင်မည် မဟုတ်ကြောင်း နက္ခတ်ဗေဒ ပညာရှင်များ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောပါသည်။ ကမ္ဘာနဲ့ နေ အနီးဆုံး ကို ရောက်ရှိတဲ့ အချိန်မှာ နေရဲ့ အရွယ် အစားဟာ သေးငယ် သယောင် ထင်ရတဲ့ အတွက် နေအရစ် ကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပေါ်တယ်။
ကမ္ဘာနဲ့ နေ အဝေးဆုံး ကို ရောက်ရှိတဲ့ အချိန် မှာတော့ နေရဲ့ အရွယ် အစားဟာ ကြီးမား လာတဲ့ အတွက် နေ အပြည့် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ် ပါတယ်ဟု ၄င်းက နေကြတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်၍ ပြောသည်။ ဇူလိုင် ၁၂ ရက် တွင် ဖြစ်ပေါ်မည် ဖြစ်သော နေအပြည့် ကြတ်မှု ဖြစ်စဉ်မှာ မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၃၈ မိနစ်တွင် စတင် ဖြစ်ပေါ်မည် ဖြစ်ပြီး နံနက် ၆ နာရီ ၂၆ မိနစ်တွင် နေအပြည့် ကြတ်မှု ဖြစ်စဉ် ပြီးဆုံးမည် ဖြစ်သည်။ အဆိုပါ နေအပြည့် ကြတ်မှု ဖြစ်စဉ်ကို တောင်အမေရိက၊ မြောက်အမေရိက၊ တောင်ပစိဖိတ် သမုဒ္ဒရာ၊ ချီလီနိုင်ငံ၊ အာဂျင်တီးနား ဒေသ နှင့် အာရှတိုက် အတွင်းရှိ နေရာဒေသ အချို့မှ မြင်တွေ့ နိုင်မည် ဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပေါ်ချိန်မှာ မြန်မာ နိုင်ငံတွင် ညပိုင်း အချိန် ဖြစ်သည့် အတွက် မြင်တွေခွင့် မရ နိုင်ကြောင်း ၄င်းက ဆိုသည်။ ဒီ နေကြတ်မှုကို အာရှတိုက် နေရာ ဒေသ တော်တော် များများက မြင်တွေ့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ညအချိန် ဖြစ်နေတာ ကြောင့်ရယ်၊ ရာသီဥတု အနေ အထားကြောင့် ရယ်၊ မမြင်တွေ့ရ နိုင်ပါဘူး။ ပြီးတော့ ဒီနေကြတ်မှုဟာ မြန်မာနိုင်ငံ အနေနဲ့ အကျိုး သက်ရောက်မှု မရှိနိုင်ပါဘူးဟု နက္ခတ်ဗေဒင် ပညာရှင် ဒေါက်တာ ဒဂုန်က ရှင်းပြသည်။ နေကြတ်မှု ဖြစ်စဉ်များ အဖြစ် ၂၀၁၀ ဇန်နဝါရီ လ အတွင်းက ၂၁ ရာစုတွင် အချိန် အကြာဆုံး နေ အရစ် ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး နေကြတ်မှု ဖြစ်ပေါ်သည့် အချိန် များတွင် မြန်မာနိုင်ငံ အချို့ ဒေသ များမှ မြင်တွေ့ခဲ့ ရသည်။
No comments:
Post a Comment