
အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ်(ဇ်)
ဝန်ကြီး အဲရစ် ရှဝပ်(ဇ်)သည် ထိုင်း အာဏာပိုင်များနှင့် မြန်မာဒုက္ခသည်များ အရေးကို ဆွေးနွေးမည် ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့ညတွင် ဘန်ကောက်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့် ရှိကြောင်း သိရသည်။
ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေကြောင်း သိရသည်။ မကြာသေးမီ နှစ်များအတွင်း မြန်မာ ဒုက္ခသည် အများအပြားသည် အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခွင့် ရရှိခဲ့သည်။
No comments:
Post a Comment