
"ဒီ အခြေခံ ဥပဒေမှာ ထူးခြားတာ တစ်ခုက ပြည်ထောင်စု လွှတ်တော် အပြင် ပြည်နယ်နဲ့ တိုင်း လွှတ်တော် တစ်ရပ်စီ ရှိတာ ပါပဲ။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တုန်းက လွှတ်တော် တစ်ရပ်ပဲ ရှိခဲ့ ပါတယ်။ ပြည်နယ် အစိုးရ၊ တိုင်း အစိုးရတွေ ပေါ်ပေါက် လာမယ်။ ထိုက်သင့် သလောက် အခွင့် အရေးတွေ ရလာမယ်လို့ ယူဆ ပါတယ်။ ပြည် ထောင်စု တိုင်းရင်းသားတွေ အနေနဲ့ ဒီ အခွင့် အရေးမှာ ပါဝင် သင့်တယ်လို့ ထင်တဲ့ အတွက် ဒီ ရွေးကောက် ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက် တာပါ" ဟု ၎င်းက ပြောသည်။
လွတ်လပ်ပြီး တရားမျှ တသည်ဟုဆို ရာတွင် အကြောက် တရား နှင့် အနိုင် အထက် ပြုမှု မရှိဘဲ ပါတီ အားလုံး အခွင့် အရေး ညီညီ မျှမျှ ရရှိခြင်းကို ဆိုလိုသည် ဟု ၎င်းက ပြောသည်။ ဘဏ္ဍာရေး အခြေ အနေပေါ် မူတည်ပြီး မဲဆန္ဒနယ် ၅၀ လောက်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် မျှော်မှန်း ထားသည် ဟု သိရသည်။ "ဒီလိုမျိုး ၀င်ရောက် ရွေးချယ် ခံဖို့ ဆိုတာလည်း ငွေကြေး အများကြီး လိုအပ်တဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ အလှူရှင်တွေ ရှာရ ဦးမှာပါ။ အလှူရှင် မရှိရင်တော့ အမတ်လောင်း တွေက ပိုပြီး ထည့်ရ ပါမယ်"ဟု ၎င်းက ဆိုကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။
No comments:
Post a Comment