
မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတို့၏ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် မတိုင်မီ ဇွန် ၂ ရက်က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် မစ္စတာ ဝမ်းကြားပေါင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ် ခဲ့ပြီး ဇွန်လ ၃ ရက် နေ့ နံနက်ပိုင်းက နေပြည်တော်မှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် သန်းရွှေ၊ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် တို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တို့၏ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် အဖြစ်နဲ့ ဝန်ကြီးချုပ် နှစ်ဦး အပြန် အလှန် စကား ပြောဆို ခဲ့ကြပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ ရေအား လျှပ်စစ်စက်ရုံ နဲ့ တခြား အကူ အညီပေးရေး ဆိုင်ရာ ကိစ္စတွေ အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ် ၁၅ ခု လက်မှတ် ရေးထိုးခဲ့ ကြပါတယ်။
No comments:
Post a Comment