သာမန်ထက် ထူးကဲပြီး အရပ် ပုသော၊ ရှည်သော သူများကို ဂင်းနစ် စံချိန် တင်ရန် နိုင်ငံ အများ အပြား၌ ကြိုးစား နေကြ ချိန်တွင် မြန်မာနိုင်ငံ ၌လည်း သတင်းထောက် များက ရှာဖွေ ဖော်ထုတ်လျက် ရှိရာ အသက် ၁၆ နှစ် အရွယ်ရှိ သော်လည်း နှစ်ပေခွဲ ကျော် (၇၇ ဒသမ ၄၇ စင်တီမီတာ) အမြင့်သာ ရှိသည့် ရှင်ကုဏ္ဍလ (လူအမည် ကျော်ဆန်းဦး) အား မကွေးတိုင်း၊ ပေါက်မြို့တွင် ဇွန်လ ၂၆ ရက် နေ့က မြန်မာတိုင်း(မ်) မှ သွားရောက် တွ့ဆုံ ခဲ့ကြောင်း သတင်း ရရှိသည်။ အဖ ဦးကျော်မြင့်နိုင်၊ အမိ ဒေါ်ကြည်ဝင်း တို့က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် မွေးဖွားပြီး မွေးချင်း ညီအစ်ကို သုံးယောက် အနက် အကြီးဆုံး ဖြစ်သည်။ဒုတိယတန်း အထိ စာသင်ကြားခဲ့ ဖူးပြီး ပေါက်မြို့၊ ရန်အောင်မြင် ကျောင်းတိုက် တွင် ပြီးခဲ့သည့် နှစ်မှ စတင်၍ ကိုရင် ၀တ်ဖြင့်ပင် သီတင်း သုံးလျက် ရှိသည်။ မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်း က " အရပ်များ ရှည်လာ မလားလို့ ကိုရင် ၀တ်ပေး ကြည့်တာ မထူး ပါဘူး။ ဒီ အရပ်က ငါးနှစ် သားလောက် ကတည်းက မတက်ေ တာ့တာ" ဟု ပြောသည်။ ဂင်းနစ် စံချိန်တင် နိုင်ရန် လျှောက်ထား သူသည် အသက် ၁၈ နှစ် ပြည့်ပြီး ရန်လို အပ်ပြီး လက်ရှိ အနေ အထား အရ ကမ္ဘာ့ အရပ် အပုဆုံး လူသား အဖြစ် စံချိန် တင်နိုင်ရန် ကြိုးစား နေသည့် နီပေါ နိုင်ငံ မှ ခါဂန် ဒရာသပ္ပ မန်တရာသည် လာမည့် ၂၀၁၀ အောက်တိုဘာ လတွင် ၁၈ နှစ် ပြည့်မည် ဖြစ်ပြီး ၎င်း၏ အရပ်သည် ၆၃ စင်တီမီတာ ခန့် မြင့်သည်။

No comments:
Post a Comment