Pages

Subscribe

Friday 9 July 2010

ကစထမှူး ဗိုလ်ချုပ်မင်းအောင်လှိုင် သျှမ်းပြည်(မြောက်ပိုင်း) သို့ ရောက်ရှိ

နအဖ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့သို့ ဇူလိုင် ၈ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်တွင်ရောက်ရှိလာကြောင်း သိရသည်။

၎င်း၏ခရီးစဉ်အတွင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံနေပြီး အရပ်ဘက်ဋ္ဌာန ဆိုင်ရာများသို့ ကြည့်ရူ့စစ်ဆေးဖွယ်ရှိကြောင်း အမည်မဖေါ်လိုသူ မြို့ခံဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

“နေ့လည် ၁၁ နာရီကျော်လောက်က ရောက်လာတယ် မယကရုံးမှာ အစည်းအဝေးလုပ်နေတယ် ကြံ့ဖွံ့တွေ လည်းပါတယ် ဆေးရုံဘက်လည်းသွားမယ်ထင်တယ် သန့်ရှင်းရေးတွေလုပ်ပြီး ပြင်ထားတယ်” ဟု သူကပြော သည်။

ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည်ရှိ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံမြို့များ၌ အခြေဆိုက်သော အရှေ့ပိုင်း တိုင်းစစ်ဋ္ဌာနချုပ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်နှင့် တြိဂံတိုင်းစစ်ဋ္ဌာနချုပ် စသည့်စစ်တိုင်း ၃ တိုင်း အားဦးစီး ကွပ်ကဲရသူဖြစ်သောကြောင့် ယခုခရီးစဉ်တွင် လုံခြုံရေး၊ စစ်ရေးကိစ္စများ ဆောင်ရွက်ဖွယ်ရှိကြောင်း တရုတ် နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“နအဖကျင်းပမဲ့ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ တရုတ်နယ်စပ် နမ့်ခမ်းလိုနေရာမျိုးမှာ လုံခြုံရေးကိစ္စတွေ ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအတည်ပြုတုန်းက ဒီဒေသမှာ လုပ် ကြံမှုတွေ ဖြစ်ခဲ့တာရှိတော့ အခုရွေးကောက်ပွဲမှာ ဒါမျိုးမဖြစ်ဖို့ ပြင်တာဖြစ်နိုင်တယ် ဒီဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက သေးငယ်ပေမဲ့လည်း ဂယက်ရိုက်မှုက အင်မတန်ကြီးတာဖြစ်တယ် ” ဟု သူကဆိုသည်။

ထိုဒေသတွင် လုံခြုံရေးအတွက် ကွတ်ခိုင်မြို့တွင် တိုက်ခိုက်ရေးတပ်ရင်း ၃ ရင်းပါဝင်သည့် စစ်ဗျူဟာတစ်ခုထားရှိသည့် အပြင် ပြင်ပအရံတပ်ရင်း ၂ ရင်း အမြဲတမ်း တိုးချဲ့ထားရကြောင်း စစ်ရေးအကဲခတ်များကဆိုသည်။

ပြီးခဲ့သည့် ၆-၇/၇/၂၀၁၀ ကလည်း ဒု-ဗိုလ်ချုပ်ကြီးမင်းအောင်လိုင် နှင့် ကြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး တို့ ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း စစ်ဆေးရေးခရီးလှည့်လည်ခဲ့သေးသည်ဟု ထိုင်းနယ်စပ်သတင်းရပ်ကွက် ကဆိုသည်။

No comments:

Post a Comment