Pages

Subscribe

Friday 9 July 2010

ကုန်ဈေးနှုန်းများတက်လာ၍ အိမ်ထောင်ရှင်အမျိုးသမီးများ အခက်အခဲကြုံနေရ

ကချင်ပြည်နယ်ဈေးကွက်တွင် မိုးအဝင်မှ စကာ ပြည်တွင်းကြိတ်ဆီများဖြစ်သည့် မုံညှင်းဆီ၊ ပဲဆီများ နေ့စဉ်နေ့အမျှ ဈေးတက်လာ၍ အရောင်းအေးနေသည်။

ပြီးခဲ့သည့်ဇွန်လ အစောပိုင်း မုံညှင်းဆီ ၁ပိဿ ကျပ်၂၃၅၀ မှ ယခုဈေးကွက်တွင် ကျပ်၂၆၀၀၊ ပဲဆီ ၁ပိဿ ကျပ် ၃၀၀၀ ရှိရာမှ ကျပ် ၃၄၀၀ တက်နေသည်။

မုံညှင်းဆီသိသိသာသာ တက်လာခြင်းသည် “ဒီနှစ်နွေမှာ မုန်ညှင်းခင်းသိပ်မလုပ်ကြဘူး၊ ဈေးတက်လာလို့ ထင်တယ် အရောင်းလည်းအေးလာတယ် နောက်ထပ်လည်း ဈေးလည်းဆက်တက်လာနိုင်သေးတယ်” ဟု ကုန်သည်တစ်ဦးမှ ပြောပြသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် ပဲဆီဈေးကြီးသဖြင့် မုံညှင်းဆီသာ အသုံးများနေသော်လည်း ယခု မုံညှင်းဆီ ဈေးတက်လာ၍ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ဈေးဝယ်ရန် အခက်အခဲကြုံနေရသည်။

“ဈေးတောင်မသွားနိုင်ဘူး၊ နှစ်ပတ်ရှိပြီ၊ ချွေတာနေရတယ်၊ ဆီလည်း မသုံးမဖြစ်သာ သုံးနေရတယ်” ဟု အိမ်ထောင်ရှင်အမျိုးသမီးမှ ကုန်ဈေးနှုန်းတက်၍ ဈေးမသွားနိုင်ကြောင်းပြောပြသည်။

သကြား ၁ ပိဿ ကျပ် ၁၅၅၀၊ ယခင် ကျပ် ၁၄၀၀ ရှိပြီး၊ ခရမ်းချဉ်သီးဈေးလည်း ယခင် ၁ပိဿ ၁၂၀၀၊ ယခု ၁ ပိဿ ကျပ်၁၄၀၀ ရှိနေပြီဖြစ်သည်။

ဒေသထွက်ကြက်သွန်ဈေးနှုန်းမှာ ကျဆင်းလာပြီး ကြက်သွန်ဖြူဈေး ၁ ပိဿ ကျပ် ၃၀၀၀၊ ယခင်ကျပ် ၄၀၀၀၊ ကြက်သွန်နီဈေး ၁ ပိဿ ယခင် ကျပ် ၆၀၀၊ ယခု ကျပ်၄၀၀ သို့ဖြစ်နေသည်။

တရုတ်ကြက်သွန်ဖြူဈေးနှုန်းတော့ တစ်ဟုန်တိုးတက်လာသည်။ ၁ပိဿ ကျပ်၂၇၀၀မှ ယခု ကျပ် ၃၀၀၀ ဈေးနှုန်းတက်လာသည်။

No comments:

Post a Comment